သထုံမြို့တွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသားတစ်ဦး ၎င်း၏လည်ပင်းကို ဓားဖြင့်လှီး
PUBLISHED - February 8, 2024
နေပြည်နယ်၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာအုပ်စု၊ ဘရင်ဂျီကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး စိတ်လွတ်၍ ၎င်း၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၇ ရက် နံနက် ၆:၃၀ အချိန်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ဓားဖြင့်လှီး၍ ဒဏ်ရာရရှိကြောင်း ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွား ရောက်ကူညီခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အသက် (၃၉)နှစ်အရွယ် ဦးဆကမှာ စိတ်ပုံမှန်မဟုတ်သူဖြစ်သောကြောင့် စိတ်လွတ်ပြီး ၎င်း၏လည်ပင်းကို ဓားဖြင့်လှီးနေသည်ကို အနီးအနားရှိ ပြည်သူများမှ မြင်သောကြောင့် ဒေသခံလူမှုကူညီရေး အသင်းကို ဖုန်းဆက်၍ ထိုအမျိုးသားကို သိပ်ဇရပ်ဆေးရုံတစ်ဆင့် သထုံဆေးရုံကြီးသို့ ပို့ဆောင်ကူ ညီပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#peopleMedia