သထုံမြို့တွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံး

PUBLISHED - August 24, 2023
နေပြည်တော်၊ သြဂုတ် ၂၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ မြေနီကုန်းကျေးရွာ၊ တောစွန်းလမ်းရထားလမ်းပေါ်တွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ ၂၃ ရက် နံနက် ၂:၃၀ အချိန်တွင် အမျိုးသားတစ်ဦးရထားကြိတ်ခံရကြောင်း မင်းသားကြီးအဖြူ ရောင်နှလုံးသားလူမှုကူညီရေးအသင်းသို့ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။
“ရထားလာတဲ့အချိန် လွတ်တယ်ထင်ပြီး ရထားဖြတ်ကူးတာနဲ့တူတယ်။ ခန္တာကိုယ်တော့ တော်တော်ပျက်ဆီး သွားတယ်” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။
ထိုအကြိတ်ခံရသည့် အမျိုးသားမှာ တောစွန်းကျေးရွာတွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦး အောင်သိန်းဖြစ်ပြီး ရထားကြိတ်ခံရမှုကြောင့် ခန္တာကိုယ်မှာ ကြေမွပျက်စီးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia