• Follow Us on
Latest News

Home သထုံမြို့နယ်တွင် ကျောက်ရထားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၊ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်ရှိလာ

သထုံမြို့နယ်တွင် ကျောက်ရထားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၊ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀) ကြိမ်ရှိလာ

Share this post

နေပြည်တော်၊ မတ် ၁၉

 

ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိ ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၆) အစုန် ကျောက် ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ ယမန်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင်ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁-၁၂၂/၂ အကြား ရထားဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ သော မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့်အတူ စက် ခေါင်း နောက်ကပ်လျက်ရှိသည့် အများပြည်သူသုံးကျောက်များ၊ အိမ်ထောင်ပြောင်းပစ္စည်းများ၊ ပါဆယ်ပစ္စည်း များ ပါဝင်သည့် တွဲ(၆)တွဲတို့လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးရထားသည် ယမန်နေ့ နံနက် ၉ နာရီ ၁၀ မိနစ် အချိန်တွင် ပဲခူးဘူတာသို့ အချိန်မှန်ရောက်ရှိ/ထွက်ခွာ၍ ကျိုက်ထိုဘူတာသို့ နေ့လည် ၁၂ နာရီ ၆ မိနစ်တွင် ရောက်ရှိ ရပ်နားကာ ရထားတွင်လိုက်ပါစီးနင်းသည့် ခရီး သည် ၄၄၉ ဦးအား မော်တော်ယာဉ် ၇ စီးဖြင့် သထုံဘူတာသို့နေ့လည် ၁ နာရီတွင် ပို့ဆောင်ပေးခဲ့ပြီး ယမန်နေ့ နံနက်  ၉ နာရီ ၁၀ မိနစ်တွင် မော်လမြိုင်မှ စတင်ထွက်ခွာလာသည့် အမှတ်(၈၂)အစုန် ရထားသည် သထုံ ဘူတာသို့ နေ့လည် ၁၁ နာရီ ၃၈ မိနစ်တွင် ရောက်ရှိရပ်တန့်၍ မော်တော်ယာဉ်များဖြင့် လိုက်ပါလာသည့် အမှတ်(၈၁)အဆန်ရထားမှခရီးသည်များအား မော်လမြိုင်ဘက်သို့  ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

 

သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ်(၈၂)အစုန် ရထားစီးခရီးသည် ၄၄၁ ဦးအား အဆိုပါမော်တော်ယာဉ် များဖြင့် ကျိုက်ထိုဘူတာသို့ မွန်းလွဲ ၂ နာရီခွဲတွင် ပို့ဆောင်ပေးခဲ့ပြီး အမှတ်(၈၁)အဆန်ရထားဖြင့် ရန်ကုန်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း၊ ခရီးသည်များအား မော်တော်ယာဉ်များဖြင့် ရထားပေါ်သို့ ကူးပြောင်း ပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့် တပြေးညီ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့ မီးရထားဝန်ထမ်းများကလည်း လမ်း ချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၂) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post