• Follow Us on
Latest News

Home သထုံမြို့နယ်တွင် KNU/PDF အဖွဲ့များထောင်ထားသောမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး မိုင်းစ ထိမှန်ဒဏ်ရာရရှိ

သထုံမြို့နယ်တွင် KNU/PDF အဖွဲ့များထောင်ထားသောမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး မိုင်းစ ထိမှန်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီအချိန်တွင် KNU/PDF အဖွဲ့များ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

သထုံမြိုနယ်၊ ချောင်းစောက်ကျေးရွာနေ ဦးမြလောင်း(ခ)မောင်လေးစိုးသည် မရမ်းကုန်းကျေးရွာရှိ ၎င်းပိုင်ဆိုင် သော ဉယျာဉ်ခြံသို့ ထွက်ခွာလာစဉ် ချောင်းစောက်ကျေးရွာ အထွက်လမ်းမ၌ KNU/PDF အဖွဲ့များ ထောင် ထားသော လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးမြလောင်းမှာ ယာတင်ပါးအောက် မိုင်းစဖောက်ဝင်ဒဏ်ရာ ရရှိ ခဲ့၍ သထုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

#PeopleMedia


Share this post