• Follow Us on
Latest News

Home သထုံမြို့နယ်သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ လက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်း

သထုံမြို့နယ်သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ လက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်း

Share this post

နေပြည်တော်၊ ဇွန် ၅

 

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပေါ်၌ ပလပ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား မိုင်တိုင်အမှတ်(၁၂၂/၁၄)၌ ရထားလမ်းပေါ်၌ ပလပ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းအား တာဝန်ကျဝန်ထမ်းတစ်ဦးက တွေရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲထံ သတင်း ပို့ခဲ့ကြောင်း သိရသည်။

 

မိုင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲဝင်များက မွန်းလွဲ ၂ နာရီ ၅ မီနစ်တွင် ရောက်ရှိလာပြီး အဆိုပါမိုင်းအားရှင်းလင်းခဲ့ရာ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား ညနေ ၄ နာရီ ၁၀ မိနစ်တွင် အဆိုပါလမ်းပိုင်းအား ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ အမှတ်(၈၁)အဆန် လူစီးအမြန်ရထားသည် နှင်းပုလဲ ဘူတာသို မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ရောက်ရှိရပ်တန့်ခဲ့ရကြောင်း မိုင်းရှင်းလင်းခြင်း လုပ်ငန်း ဆောင် ရွက်ပြီးနောက် ယနေ့ ညနေ ၄ နာရီခွဲမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သဖြင့် အဆိုပါ ရထားသည် ၃နာရီ ၂၀ မိနစ်ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ရပြီး၊ အမှတ်(၆၈၅) ကျောက်ရထားသည် သိမ်ဆိပ်သို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၆၈၇) ကျောက်ရထားသည် ဒုံဝန်းသို ၁၂ နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၂၇၁) ကုန်ရထားသည် ကျိုက်ထိုဘူတာသို ညနေ ၃ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ အသီး သီးရပ်တန့် စောင့်ဆိုင်ခြင်း ပြုလုပ်ခဲ့ကြရကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့ မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း(၁၆၅)ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှိဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။

 

#PeopleMedia


Share this post