• Follow Us on

Home သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီးတွင် KNU/PDF မှ ခရီးသည်ယာဉ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီးတွင် KNU/PDF မှ ခရီးသည်ယာဉ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းအချိန်က KNU/PDF အကြမ်းဖက်သမားများမှ ခရီးသည်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြဝတီဘက်မှ ဘီးလင်းမြို့သို့ ထွက်ခွာလာသည့် TOYOTA HIACE ယာဉ်ဖြင့် ခရီးသည် ၈ ဦး တင် ဆောင်ကာ သထုံမြိုနယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား အရောက်တွင် KNU/PDF အကြမ်းဖက်သမားများ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ် တွင် မောင်းနှင်လိုက်ပါလာသူများဖြစ်ကြသည့် ဦးဖြိုးဝေကျော် ၃၇ နှစ်နှင့် ဦးကျော်မျိုးသူ ၃၁ နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဒေါ်ခင်သန်းဝင်း ၆၀ နှစ်၊ ဒေါ်ချိုမာ ၅၂ နှစ်၊ မဝင်းဝင်းထွေး ၃၃နှစ်၊ မရင်ရင်နွယ် ၃၁နှစ်နှင့် မဖြူစင်မင်း ၂၉နှစ်တို့သည် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post