သထုံမြို့ရှိ စာသင်ကျောင်းဝန်းအတွင်း ရှေးဟောင်းဘုရား ၃၆၂ ဆူ တွေ့ရှိ
PUBLISHED - September 18, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်း ကျောင်းဆောက်ရန်မြေတူးရာမှ မုဒြာပုံစံ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ကျောင်းဆောက်ရန်အတွက် မြေတူးရာ ရှေးဟောင်းဘုရားများ တွေ့ ရှိခဲ့ရာမှ ဆက်လက်ရှာဖွေရာ စက်တင်ဘာလ ၁၅ ရက် နံနက်ခင်းအချိန်တွင်လည်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုတွေ့ရှိခဲ့သည့် ဘုရားများမှာ သြဂုတ်လ ၃၀ ရက်နေ့နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရှေးဟောင်းဘု ရားပေါင်း ၃၆၂ ဆူတို့ဖြစ်ပြီး ထိုရှေးဟောင်းဘုရားများတွင် အကောင်း ၁၃၈ ဆူနှင့် အကျိုး ၂၂၄ ဆူတို့ဖြစ် ကြောင်း၊ ထိုရှေးဟောင်းဘုရားများကို မွန်ပြည်နယ်ရှေးဟောင်းသုတေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံ အပ်နှံထားကြောင်း သိရသည်။
#PeopleMedia