သထုံမြို့နယ်၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေသယ်ယာဉ်တစ်စီး ဓါးပြအတိုက်ခံရပြီး ယာဉ်နှင့်အတူ ကျပ်သိန်း ၈၄၀ ယူဆောင်သွားခြင်း ခံခဲ့ရ
PUBLISHED - December 29, 2021
မော်လမြိုင်၊ ဒီဇင်ဘာ ၂၉ (People Media)
ဒီဇင်ဘာ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒု-မန်နေဂျာပါအဝင် ဝန်ထမ်း တစ်ဦးတို့သည် ဘီးလင်းမြို့နယ်၊ သိမ်ဆိပ်ရှိ ဒန်ဂိုဆီဆိုင်မှ ဆီရောင်းရငွေများကို လိုက်လံသိမ်းဆည်းပြီး အပြန် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဘီးလင်းမြို့နယ်မှ သထုံမြို့ဘက်သို့အပြန် လမ်းခရီး၌ ဓါးပြအတိုက်ခံရပြီး ယာဉ် ပေါ်ပါ ကျပ်သိန်း ၈၄၀ နှင့်အတူ ယာဉ်ပါ ယူဆောင်သွားခြင်းခံရကြောင်း သိရသည်။
အဆိုပါ ဒီဇင်ဘာ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်း တစ်နာရီ၌ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေသယ်ယာဉ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဘီးလင်းမြို့နယ်မှ သထုံမြို့ဘက်သို့ အပြန် နောင်မွန်ကျေးရွာ အနီးအရောက်၌ လက် နက်ကိုင် သေနတ်သမား ၆ ဦးက ယာဉ်ကို တားဆီးပြီး ငွေနှင့်ယာဉ်ကို ယူဆောင်သွားခဲ့သည်။
လက်ရှိအချိန်၌ ကျူးလွန်သူကို ဖမ်းမိနိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။
Photo – MAB
#PeopleMedia #MAB #မွန်ပြည်နယ်
(unicode)
…………………………………………………………
Photo – MAB