သထုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးခွဲရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

PUBLISHED - December 4, 2021
မော်လမြိုင်၊ ဒီဇင်ဘာ ၄ (People Media)
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးခွဲတွင် ယမန်နေ့ မွန်းလဲ ၃ နာရီကျော်အချိန်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။
ဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ်ရေးရုံး၏ ရုံးအရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် မော်တော်ဆိုင်ကယ်နှင့် ရုံးရှေ့ဘက် တံခါးအပါအဝင် ပစ္စည်းတစ်ချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ရုံးဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး သက်သေ ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သထုံ PDF အဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
Photo – Credit
#PeopleMedia #သထုံ
(unicode)
……………………………………………………..
Photo – Credit