သထုံမြို့နယ် NLD ပါတီ လွှတ်တော်အမတ်ဟောင်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချ

PUBLISHED - December 1, 2021
သထုံ၊ ဒီဇင်ဘာ ၁ (People Media)
မွန်ပြည်နယ်၊ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်းအပါအဝင် CDM ပြုလုပ်ရန် လှုံ့ ဆော်မှုဖြင့် သထုံ (ဇင်မသွယ်) အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ဆရာမကို မနေ့ကပဲ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ကတော့ ဆရာမအနေနဲ့က အယူခံဝင်မှာမဟုတ်ဘူးဆိုတာကိုလည်း သူမိသားစုနဲ့ သူ့ရှေ့နေတွေကိုလည်း ပြောထား တာရှိပါတယ်” ဟု မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မာမာခိုင်သည် အဆိုပါ မြို့နယ်၏ NLD ပါတီဥက္ကဋ္ဌဖြစ်ပြီး ၎င်း၏ အမျိုးသားဖြစ်သူသည် မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
သထုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်မာမာခိုင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
#PeopleMedia #သထုံမြို့နယ် #ဒေါ်မာမာခိုင်
(unicode)
…………………………………………………….