• Follow Us on
Latest News

Home သနပ်ပင်မြို့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် (၄) ဦး ရေနစ်သေဆုံး

သနပ်ပင်မြို့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် (၄) ဦး ရေနစ်သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

ပဲခူူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့၊ ကျွဲဖြူချောင်းကျေးရွာရှိ ကျွဲဖြူချောင်းရိုးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ပြန်လာသည့် စက်လှေမှာတိမ်းမှောက်၍ ကလေး (၁) ဦးအပါအဝင် (၄) ဦး ရေနစ် သေဆုံးကြောင်း သိရသည်။

 

ဇူလိုင်လ ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် စက်လှေပေါ်၌ ၁၁ ဦးလိုက်ပါလာသည့် စက်လှေမှာ ကျွဲဖြူ ချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ပြန်လာစဉ် ထိုကျေးရွာရှိ ချောင်းရိုး တွင် စက်လှေမှာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

“စက်ကဘယ်လိုဖြစ်ပြီး တိမ်းမှောက်လည်းတော့ မသိဘူး။ စုစုပေါင်း ၁၁ ဦးလိုက်ပါတာ။ ၇ ဦးကိုတော့ အသက် ရှင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်။ ၄ ဦးကတော့ ရုပ်အလောင်းပဲ ကယ်ဆယ်နိုင်ခဲ့တယ်။ သေတဲ့အထဲမှာ ၄ နှစ် အရွယ် ကလေးလည်းပါတယ်။ သူတို့တွေက တောင်ဥက္ကလာပမြို့မှာ နေတဲ့သူတွေ” လို့ သာမဏေကျော်လူမူ ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။

 

ထို ဝါဆိုသင်္ကန်းလာရောက်ဆက်ကပ်လှူဒါန်းသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့တွင် နေ ထိုင်သူများဖြစ်ကြောင်း၊ ရုပ်အလောင်းများကို တောင်/ဒဂုံကျီစုသုဿန်သို့ ကလျာဏမိတ္တ လူမှုကူညီရေး အသင်း၊ သာမဏေကျော်လူမူ ကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင်လူမူကူညီရေးအသင်းတို့က နိဗ္ဗာန် ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post