• Follow Us on
Latest News

Home သနပ်ပင်မြို့နယ်၊ သနတ္တန်းကျေးရွာအနီးရှိ လောင်းကစားဝိုင်းကို PDF က ဝင်စီးပြီး ပြည်သူများကို သတ်ဖြတ်ခဲ့ သလို ငွေကြေးနဲ့ ရွှေထည်များကို ယူဆောင်သွား

သနပ်ပင်မြို့နယ်၊ သနတ္တန်းကျေးရွာအနီးရှိ လောင်းကစားဝိုင်းကို PDF က ဝင်စီးပြီး ပြည်သူများကို သတ်ဖြတ်ခဲ့ သလို ငွေကြေးနဲ့ ရွှေထည်များကို ယူဆောင်သွား

Share this post

ပဲခူး၊ ဇွန် ၁၇

 

ဇွန်လ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သနတ္တန်းကျေးရွာအနီးရှိ လောင်းကစားဝိုင်း ကို PDF က ဝင်စီးပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သလို ငွေကြေးနဲ့ ရွှေထည်များကို ယူဆောင်သွားခဲ့သည်။

 

“နံနက် ၁ နာရီလောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင် PDF ၅ ယောက်က လောင်းကစားဝိုင်းကို ဝင်စီးတာ။ ဝင်စီးပြီး လောင်းကစားဝိုင်းမှာရှိတဲ့ ကျပ်သိန်း ၅၀၀ ကျော်ခန့်နဲ့ ရွှေထည်တွေ ယူသွားတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိတာတွေရှိတယ်။ ဒါကို အောက်ခြေကနေ အထက်ကို သတင်းလိမ်လည် တင်ပြထားတယ်လို့ သိရတယ်” လု့ိ အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက People Media ကို ပြောဆိုသည်။

 

သနတ္တန်းကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်အဖြစ် ဦးအောင်ခင်ကျော်ဖြစ်ပြီး လောင်းကစားဝိုင်းကျင်းပတဲ့ နေအိမ်ပိုင်ရှင်သည် တင်ဝင်းထွန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး People Media မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဇွန်လ ၁၆ ရက်နေ့က မေးခွန်းမေးမြန်းထားသည်။

 

Photo – လောင်းကစားဝိုင်း ကျင်းပသည့် နေအိမ်(တဲ)

 

#PeopleMedia


Share this post