• Follow Us on

Home သန္နီမြို့နယ်တွင် KIA အဖွဲ့ဝင် သုံးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

သန္နီမြို့နယ်တွင် KIA အဖွဲ့ဝင် သုံးဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္ဒီမြို့နယ်၊ နမ့်ဆလပ်ကျေးရွာအနီးတွင် KIA အဖွဲ့ဝင် သုံးဦးအား လက်နက်ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အောက်တိုဘာလ (၁၈)ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဆလပ်ကျေးရွာအနီးတွင် နယ်မြေလုံခြုံ ရေးဆောင်ရွက်နေစဉ် ဖာတဲကျေးရွာဖက်မှ မသင်္ကာဖွယ် အမျိုးသား သုံးဦး မောင်းနှင်စီးနင်းလာသည့် ဆိုင် ကယ် ၂ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။

 

သို့သော် အဆိုပါ အမျိုးသား သုံးဦးမှ ဆက်လက်မောင်းနှင် ထွက်ပြေးသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ KIA အဖွဲ့မှ အဖွဲ့ဝင် သုံးဦး သေဆုံးသွားပြီး AK-47 သေနတ် ၁ လက်၊ ၇.၆၂* ၃၉ မမ ကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၂ စီးတ့ိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post