သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာကိုဗစ်စင်တာ၌ သီလရှင် ၄ ပါး ကိုဗစ်ကူးစက်

PUBLISHED - August 4, 2021
နေပြည်တော်၊ သြဂုတ် – ၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်သဘာဝတရားရိပ်သာ ကွန်းခိုရာကိုဗစ်စင်တာမှ သီလရှင် ၄ ပါး ကိုဗစ် ရောဂါပိုးကူးစက်ခံနေရတယ်လို့ ကွန်းခိုရာကိုဗစ်စင်တာမှ သီလရှင်ဆရာလေး ဒေါ်နန္ဒဝတီက မိန့်ပါတယ်။
“အပြင်က လာရောက်ကုသတဲ့ သံဃာတော် ၄ ပါးနှင့် ရိပ်သာထဲမှာရှိတဲ့ သီလရှင် ၄ ပါးကို ကွန်းခိုရာ ကိုဗစ်စင်တာမှာ ကုသထားတယ်လို့” သီလရှင်ဆရာလေး ဒေါ်နန္ဒဝတီက မိန့်ပါတယ်။
ကွန်းခိုရာကိုဗစ်စင်တာတွင် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၃ ရက်အထိ ကိုဗစ်ကုသနေသူ အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၇၇ ယောက်ရှိပြီး စုစုပေါင်း ၁၃၃ ယောက်ကို သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာကိုဗစ်စင် တာတွင် ကုသနေတယ်လို့ သီလရှင်ဆရာလေး ဒေါ်နန္ဒဝတီက မိန့်ပါတယ်။
သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာကိုဗစ်စင်တာမှ ဆရာတော်ဘုရားကြီး အရှင်ဥတ္တမသာရနှင့် လူနာ စောင့်များ၊ ကျန်းမာရေးအဖွဲ့၊ နာရေးအဖွဲ့၊ လုပ်အားပေးအဖွဲ့တို့တွင် ကိုဗစ်ကူးစက်မှုမရှိကြောင်း လည်း သိရပါ တယ်။
#PeopleMedia #သဘာဝတရားရိပ်သာ
(unicode)
…………………………………………………………..