သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

PUBLISHED - September 16, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာက ရာအိမ်မှူး ဦးအုန်းလွင်သည် ယနေ့ နံနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
အထက်ပါ ရာအိမ်မှူးမှာ ယနေ့နံနက်ပိုင်းက နေအိမ်အနီး လမ်းလျှောက်နေစဉ် အမည်မသိ လူနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ ဒီလို ပစ်ခတ်ခံခဲ့ရတဲ့အတွက် ရာအိမ်မှူးဆိုသူမှာ ရင်ဘတ်အပါအဝင် သေနတ်ဒဏ်ရာ များစွာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး၊ အဆိုပါနေရာမှာ ၉ မမပစ္စတို ကျည်ခွံ တစ်ချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
#PeopleMedia #သန်လျင်မြို့
(unicode)
………………………………………………………………….