သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့ သည့် အကြမ်းဖက်သမား ၄ ဦးကို ထပ်မံဖမ်းမိ
PUBLISHED - June 17, 2024
နေပြည်တော်၊ ဇွန် ၁၇
၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ကြံစည်ခဲ့သည့် အကြမ်းဖက်သမား ၄ ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်သည်။
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်သမားများ ဖြစ်သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သည့် မျိုးသိန်းထွန်း(၃၄)နှစ်အား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းအိမ်ရာ၊ ပျိုးခြံလိုင်း၊ အခန်းအမှတ်(၁၃) တွင် လည်းကောင်း၊ ဇော်ကြီး(ခ)ကိုထက်(၃၀)နှစ်အား လက်လုပ်မိုင်း ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ရီမု ၁ ခု တို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ပိတောက်လမ်း၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ နီလာအဆောင်၊ အခန်းအမှတ်(B-7)တွင် လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ်(၃၄)နှစ်အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ်မြေဩ ဇာ ၁ ထုပ်တို့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအိမ်ရာ၊ သီဟ လိုင်း၊ အခန်းအမှတ်(၄)တွင် လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း(၂၁)နှစ်အား လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ တိုက်(၄၅)၊ အခန်း(၁၀၃)တွင် လည်းကောင်း အသီး သီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ) ကိုထက်နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူမှုကွန်ရက်၌ ရင်းနှီးခဲ့သူ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်မြို့သစ်အနီး၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက် ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်စဉ် အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာ ထားသော NUG မှ တရားခံပြေးရည်မွန် ဦးဆောင်ပြုလုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ တရားခံပြေးရည်မွန်မှ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းဆင်းပြီးပါက ရန်ကုန်မြို့အတွင်းသို့ လျှို့ဝှက်စွာ ပြန်လည်ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်း များနှင့် ဖောက်ခွဲရေးပစ္စည်းများအား ချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက်နှင့် ရှိန်းမြင့်မိုရ်အောင်(ခ) ကိုရှိန်း တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန် ကျန်တရားခံ ချမ်းငြိမ်းသူ(ခ) ပန်ဒါလေး ခေါင်းဆောင်သည့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့အတွင်းရှိ လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများအား တရားခံပြေး ရည်မွန်က ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေးရည်မွန်၏ စေခိုင်းမှုဖြင့် Dark Shadow အမည်ခံ အကြမ်းဖက်အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း နစကမှ အသိပေးသတင်းထုတ်ပြန်ထားသည်။
#PeopleMedia