• Follow Us on
Latest News

Home သန်လျင်တံတား အမှတ်-၃ တွင် ယမန်နေ့ညပိုင်းအထိ ကားအစီးရေ ၂၉၅၆၀ စီးကျော် ဖြတ်သန်းမောင်းနှင်

သန်လျင်တံတား အမှတ်-၃ တွင် ယမန်နေ့ညပိုင်းအထိ ကားအစီးရေ ၂၉၅၆၀ စီးကျော် ဖြတ်သန်းမောင်းနှင်

Share this post

နေပြည်တော်၊ ဇွန် ၁၀

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖွင့်ပွဲအခမ်းအနားပြီးဆုံးချိန်မှစ၍ မော်တော် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြို့သို့ အသွားအပြန်ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ် များသည် အဆိုပါတံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်းမောင်းနှင်လျက်ရှိပြီး စတင်ဖွင့် လှစ်သည့်နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ပြီး ယမန်နေ့တွင် ည (၇) နာရီအထိ ကားအစီး ရေ ၂၉၅၆၀ စီးကျော်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။

 

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) အသုံးပြုခအား ဇွန် ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ဖြတ်သန်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ၁၆ ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ် အမျိုး အစားများအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားသစ်ကြီးကို တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်း ကြောင့် သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင် မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွား လာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post