သန်လျင်မြို့တွင် (၃) ရက်ခန့်ကြာပျောက်ဆုံးနေသည့် ကလေးငယ်တစ်ဦး၏ အလောင်းကို ရေကန်ထဲတွင် တွေ့ရှိ

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းနားရှိ ရေကန်ထဲတွင် (၃) ရက်ခန့်ကြာ ပျောက် ဆုံးနေသည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုကလေးငယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးနေပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းတည့် (၁၂) နာရီအချိန်တွင် ၎င်းနေထိုင်သည့် ပျဉ်ထောင်ကျောင်းနားရှိ ရေကန်ထဲတွင် သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
“အလောင်းက အဲ့ကလေးအိမ်နားက ကန်မှာတွေ့တာ” လို့ မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါရေနစ်သေဆုံးသည့် ကလေးငယ်မှာ အသက်(၃) နှစ်ရှိပြီး၊ ရုပ်အလောင်းကို စစ်ဆေးရန်အတွက် သန်လျင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia