• Follow Us on
Latest News

Home သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာ ၂ စီးတိုက်မှုဖြစ်ပွား

သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာ ၂ စီးတိုက်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ MITT လမ်းဆုံတွင် စက်တင်ဘာလ ၂၂ ရက်နေ့၊ ည ၇ နာရီ ၂၈ အချိန်ခန့်က ဆီဘောက်ဆာ ၂ စီး တိုက်မှုဖြစ်ပွားခဲ့‌ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ (၁) ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၁) စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အထောက်အကူပြု ယာဉ် (၁) စီး၊ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး ၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ်(၁)စီး ထွက်ခွာခဲ့ရာ ည ၈နာရီ ၄၅ အချိန်တွင် ကားအတွင်းညပ်နေသော လူနာအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သန်လျင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post