• Follow Us on

Home သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်

သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၂

 

သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး လုပ်ငန်း အချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ပြောသည်။

 

ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည် နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုများနှင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် လူဦးရေစာရင်းမှန်ကန်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

“သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းအချိန်ဇယားအရ ရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ဖို့ လျာ ထားဆောင်ရွက်သွားမှာဖြစ်တယ်။ ဆန်းစစ်လေ့လာခြင်းနဲ့ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာတွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ ပြုစုထုတ်ပြန်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ပြောသည်။

 

ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန် သတ်မှတ်ပြီး အဆိုပါရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူ မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် သမားရိုးကျ အိမ်ထောင်စုများတွင် နေထိုင်သူများသာမက အဖွဲ့ အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အကျဉ်းထောင်များ၊ ဘော်ဒါဆောင်များ၊ ဆေးရုံများ၊ တပ်ရင်းတပ်ဖွဲ့များတွင် နေထိုင်သူများနှင့် အိမ်ခြေရာခြေမဲ့များအပါအဝင် လူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း ပြောသည်။

 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် များအဖြစ် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တွေအလိုက် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင် စားသူ (Volunteer)များမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ပြောကြားသည်။

 

#PeopleMedia


Share this post