• Follow Us on
Latest News

Home သန်းခေါင်စာရင်းကောက်ယူရမည့်ကာလကို (၁၅) ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက ဆက်လက်ဆောင်ရွက်မည်

သန်းခေါင်စာရင်းကောက်ယူရမည့်ကာလကို (၁၅) ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက ဆက်လက်ဆောင်ရွက်မည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

သန်းခေါင်စာရင်းကောက်ယူရမည့်ကာလကို (၁၅)ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများအလိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက် နေ့ အထိ (၁၅) ရက်ကြာ ဆောင်ရွက်လျက်ရှိနေပြီး အောက်တိုဘာ ၁၁ရက်နေ့တွင် (၁၁)ရက်မြောက်နေ့အဖြစ် ဆက်လက်ကောက်ယူ လျက်ရှိသည်။

 

ထိုသို့ကောက်ယူလျက်ရှိရာတွင် စာရင်းစစ်၊ စာရင်းကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များ အသုံးပြုကာ ကောက်ယူမေးမြန်းလျက်ရှိပါသည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ခု ကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါ သန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ နှိုင်းယှဉ်သုံးသပ်ကာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေ ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိနိုင်မည်ဖြစ်သည်။ ဒါ့ကြောင့် ပြည်သူများအနေနဲ့ မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏ မျှော်လင့်ချက်များနှင့် လိုအပ်ချက်များကို ပုံဖော် ပေးနိုင်မည်ဖြစ်သည့်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း သိရသည်။

 

စာရင်းစစ်၊ စာရင်းကောက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့်အညီ အကာအကွယ်ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များနှင့် အချက်အလက်များကိုလည်း လုံခြုံစိတ်ချမှုရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းခေါင်စာရင်းကောက်ယူရမည့်ကာလကို (၁၅)ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများအလိုက် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော နေရာဒေသများတွင် ရေဘေးသင့်အိမ်ထောင်စုများ များစွာရှိနေသည့်အတွက် စာရင်းများမထပ်မကျန်စေရန် ကောက်ယူနိုင်ရေးအတွက်လည်း စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post