သပိတ်ကျင်းမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး မိသားစုဝင်များရှေ့တွင် သေနတ်ပစ်ခံရ
PUBLISHED - January 17, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာအုပ်စု၊ ရွှေကျွန်းပင်ကျေး ရွာရှိ အုပ်ချုပ်ရေးမှူးတစ်ဦးကို မိသားစုဝင်များအရှေ့တွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရ သည်။
မကြာသေးမီရက်ပိုင်းက ရွှေကျွန်းပင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးတင်ခိုင်၏နေအိမ်သို့ PDF များ မော်တော် ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ထိုနေအိမ်ထဲ၌ မိသားစုဝင်များနှင့်အတူရှိနေစဉ် သေနတ်ဖြင့်ပစ်ခတ်သွား သောကြောင့် ထိုအုပ်ချုပ်ရေးမှူးမှာ ဖြစ်စဉ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုနှစ်ဇန်နဝါရီလအတွင်း PDF များသတ်ဖြတ်မူကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများကို လက်ပြန်ကြိုး တုတ် သတ်ဖြတ်၊ သေနတ်ဖြင့်ပစ်ခတ်သည့် ဖြစ်စဉ်များရှိခဲ့သည်။
Photo – Credit
#PeopleMedia