• Follow Us on
Latest News

Home သပိတ်ကျင်းမြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

သပိတ်ကျင်းမြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖော့တောလမ်းဆုံတွင် မန္တလေးမှ ဟိုပင်သို့ ပြေးဆွဲသည့် ခရီးသည် တင်မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကောင်းသန့်ကျော်နှင့် ခန့်ဇင်ဝင်းတို့ ၂ဦး သယ်ဆောင်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းအတွင်းတို့မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၇၀၀ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post