• Follow Us on
Latest News

Home သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာဒေသခံများအား တပ်မတော်မှ ဖမ်းဆီးခြင်းမရှိ

သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာဒေသခံများအား တပ်မတော်မှ ဖမ်းဆီးခြင်းမရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာသို့ ဒီဇင်ဘာ၂၇ ရက် မနက် ၉ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာသား ၈၃ ဦး အား ကျေးရွာရှိဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သပိတ်ကျင်းမြို့ နယ်၊ ငါးတန့်အိုင်ကျေးရွာအနီးတွင် အကြမ်းဖက်သမားများမှ ဒေသခံပြည်သူများအား ငွေကြေး၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မ တော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး  ရွာသူ၊ ရွာသားများအား ဖမ်းဆီးခြင်းမရှိကြောင်း သိရ သည်။

 

ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post