• Follow Us on

Home သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက်ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက်ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အောက်တိုဘာလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၁၀) မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၂.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားသည်ကို တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post