သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာများကိုလည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ရန်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား
PUBLISHED - July 9, 2024
နေပြည်တော်၊ ဇူလိုင် ၉
သစ်တောပြုန်းတီးမှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို အထောက်အကူပြုရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာများကိုလည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ကျင်းပခဲ့ သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၏အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကို လက်ရှိမူဝါဒများနှင့် မဟာဗျူဟာများဖြစ်သည့် အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်များအပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ် သည့် အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဆက်စပ်ပတ်သက်သူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် ဆွေး နွေးပြီးပြုစုရေးဆွဲထားပြီးဖြစ်ကြောင်း ပြောသည်။
အဆိုပါမူဝါဒမူဘောင်၏ ရေရှည်မျှော်မှန်းချက်သည် “သဘာဝသယံဇာတများကို ထိရောက်စွာအသုံးချသည့် ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရန်” ဖြစ်ကြောင်း၊ ယင်းမူဘောင်တွင် အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာအခြေခံမူ (၄) ရပ်၊ ရည်ရွယ် ချက် (၄) ရပ်ချမှတ်ထားပြီး ဦးစားပေးကဏ္ဍ (၁၁) ရပ်တွင် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
“သစ်တောပြုန်းတီးမှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့တွေကို အထောက်အကူပြုဖို့တွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာရဲ့ (၁၀) ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာတွေကို လည်း နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ဖို့ ဆောင်ရွက်နေပါတယ်။ အခုအခါ အာဆီ အယံအမွေအနှစ်ဥယျာဉ် (၈) ခု၊ ရမ်ဆာရေဝပ်ဒေသ (၇) ခု၊ လူသားနဲ့ဇီဝအဝန်းနယ်မြေ (၂) ခု အပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက် နယ်မြေ (၈) ခုနဲ့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းစခန်း (၂၂) ခုတို့ကို သတ်မှတ်နိုင်ခဲ့ ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အများပြည်သူအကြား သဘာဝ၏တန်ဖိုးကို ပိုမိုနားလည် လာစေရန်ရည်ရွယ်ပြီး မြန်မာ့သဘာဝထိန်းသိမ်းရေးနယ်မြေများကို UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ကို UNESCO ၏ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်နိုင်ခဲ့ကြောင် ပြောသည်။
စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟန်ချက်ညီညီဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိမ်းရောင်စီးပွားရေးကို အထောက်အကူပြုနိုင်ရန်အတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအားပေးခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စောင့်ကြည့်လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ကာဗွန်ထုတ်လွှတ်မှု နည်းသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ရာတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကို ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia