သမီးဖြစ်သူ ဝန်ကြီးချုပ်ပေထောင်တန်ကို အကြံဉာဏ်ပေးဖို့ အသင့်ရှိကြောင်း သက်ဆင်ပြော
PUBLISHED - August 19, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၉
သမီးဖြစ်သူ ပေထောင်တန်ရှင်နာဝပ် ဝန်ကြီးချုပ်သစ်အဖြစ် ခက်ခဲတဲ့တာဝန်တွေကို ထမ်းဆောင်စဉ်အတွင်း အကြံဉာဏ်ပေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ၎င်းယုံကြည်ထားတဲ့ ပေထောင်တန်ရဲ့ မာန်မာနမထားဘဲ ကိုယ့် ကိုယ်ကိုယ်နှိမ်ချမှုကြောင့် လူတိုင်းဆီက အထောက်အပံ့ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင် နာဝပ်က တနင်္ဂနွေနေ့ (သြဂုတ်လ ၁၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ရာထူးအတွက် ထိုင်းဘုရင်ရဲ့အသိအမှတ်ပြုလွှာကို ပေထောင်တန်တရားဝင်လက်ခံရယူစဉ်အတွင်း တိုင်းပြည်ရဲ့အငယ်ဆုံးဝန်ကြီးချုပ်နဲ့ ၎င်းရဲ့အငယ်ဆုံးသမီးအတွက် ၎င်းရဲ့ထောက်ခံပံ့ပိုးမှုကို သက်ဆင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“သမီးဟာ သူပင်ပန်းစွာအလုပ်လုပ်ရမယ်၊ တစ်ချိန်လုံး စိတ်ရောကိုယ်ပါ အားထည့်ပြီး အလုပ်လုပ်ရမယ်၊ ပါတီ ပေါင်းစုံထံက ပူးပေါင်းဆောင်ရွက်မှုတွေ ရအောင်လုပ်ရမယ်ဆိုတာ သူ သိပါတယ်။ အရင်တုန်းကတော့ ကျွန် တော်က သူ့ရှေ့မှာ ရပ်ခဲ့ပြီး သူက ကျွန်တော့်နောက်မှာပေါ့။ အခုတော့ သူက ကျွန်တော့်ရှေ့ရောက်သွားပြီး ကျွန်တော်က နောက်ဘက်မှာပေါ့။” လို့ အသက် ၇၅ နှစ်အရွယ် သက်ဆင်က အသက် ၃၇ နှစ်အရွယ် သမီး အကြောင်းကို ပြောပါတယ်။
မစ္စပေထောင်တန်က ဘယ်ကိစ္စအတွက်မဆို ၎င်းထံ ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းခံနိုင်ပေမဲ့ ၎င်းအနေနဲ့ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်သလို အိုမင်းလာပြီဖြစ်တဲ့အတွက် နိုင်ငံရေးအရ ထောက်ပံ့မှုတွေကိုတော့ လုပ် ဆောင်သွားနိုင်မှာ မဟုတ်ကြောင်း သက်ဆင်က ပြောပါတယ်။
အစိုးရအဖွဲ့သစ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဘာမှမဆိုင်ကြောင်း၊ ဒီကိစ္စဟာ ဝန်ကြီးချုပ်က လုပ်ရမယ့်ကိစ္စ ဖြစ်ကြောင်း သက်ဆင်က ပြောပါတယ်။
ပေထောင်တန်ရဲ့ အသက်ငယ်ရွယ်မှုနဲ့ ပတ်သက်ပြီး အကောင်းဘက်က ရှုမြင်ကြောင်းကိုလည်း ၎င်းက ပြော ပါတယ်။
“သူက အသက်ငယ်ပါတယ်။ သူက အဖွဲ့အစည်းအားလုံးဆီ သွားရောက်အကူအညီတောင်းနိုင်သလို ပူးပေါင်း ဆောင်ရွက်မှုတွေလည်း လုပ်နိုင်ပါတယ်။ သူဟာ ဇီဇာကြောင်တဲ့ အခွင့်ထူးခံတစ်ယောက်မဟုတ်ပါဘူး။ သူ ဟာ ကိုယ့်ကိုယ်ကိုယ်နှိမ်ချတတ်သူတစ်ဦးဖြစ်ပါတယ်။” လို့ သက်ဆင်က ပြောပါတယ်။
မစ္စပေထောင်တန်ကတော့ ၎င်းအနေနဲ့ ဆောင်ရွက်ဖို့ လိုအပ်လာရင် တတ်နိုင်သမျှ ဖခင်ထံက အကူအညီ တောင်းခံသွားမှာဖြစ်ပြီး ဥပဒေကြောင်းအရ ပြဿနာဖြစ်အောင် ဆောင်ရွက်သွားမှာမဟုတ်ကြောင်း ပြောပါ တယ်။
“ဒီလုပ်ငန်းတာဝန်ကြီးတစ်ခုကို တစ်ဦးတစ်ယောက်တည်းက အောင်မြင်အောင် မဆောင်ရွက်နိုင်ပါဘူး။ ဒါ့ ကြောင့် ဝန်ကြီးချုပ်ရာထူးလက်ခံခြင်းဟာ အဓိပ္ပါယ်ရှိပြီး နို်င်ငံရဲ့အကျိုးအတွက် မူဝါဒပေါင်းများစွာကို တတ် နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့သူတွေအားလုံးဆီက အကြံဉာဏ် တွေကို ကျွန်မ ရယူသွားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
မစ္စပေထောင်တန်က ၎င်းအနေနဲ့ ဖခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့လို တရားစွဲဆိုခြင်းမခံရအောင် ဝန်ကြီးချုပ် အဖြစ် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်နဲ့ ဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ်လက်ထက်မှာ တရားစွဲဆိုခံခဲ့ ရပြီးနောက် သက်ဆင် ၂၀၀၈ ခုနှစ်မှာ နိုင်ငံတွင်းက ထွက်ပြေးသွားခဲ့သလို ယဉ်လတ်ကလည်း ၂၀၁၇ ခုနှစ်မှာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။ ဘန်ကောက်ကိုပြန်ရောက်လာပြီး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံရပေမဲ့ နောက်ပိုင်းမှာ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့် ရရှိကာ ထောင်ဒဏ် တစ်နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။
ဒါပေမဲ့ သက်ဆင်ဟာ ထောင်ထဲမှာ တစ်ညမှ မအိပ်ခဲ့ရဘဲ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံ ယူပြီး ၆ လကြာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။
ဒ့ါအပြင် သက်ဆင်ရဲ့ အသက်အရွယ်ကြီးရင့်မှုနဲ့ ကျန်းမာရေးအခြေအနေကြောင့် ကျန်တဲ့ထောင်ဒဏ်ခြောက် လကို ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ခံစားခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်းယဉ်လတ်လည်း အခုနှစ်ထဲမှာပဲ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာ မယ်လို့ သက်ဆင်က မျှော်လင့်ထားပါတယ်။
Ref: Thaksin ready to advise daughter, new Thai PM, amid ‘tough tasks’
#PeopleMedia