• Follow Us on

Home သမ္မတပူတင်ကိုလုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲပြော

သမ္မတပူတင်ကိုလုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၆

 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း ယူကရိန်း စစ်ထောက် လှမ်းရေး အကြီးအကဲ ကီရီလိုဘူဒါနော့ဗ်က ပြီးခဲ့တဲ့ စနေနေ့ (ဇူလိုင် ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ဒါပေမဲ့ အဲဒီလို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာတွေဟာ မအောင်မြင်ခဲ့ပါဘူး။” လို့ ဘူဒါနော့ဗ်က ယူကရိန်း ဝက်ဆိုက်တစ်ခုဖြစ်တဲ့ New Voice ကို ပြောပါတယ်။

 

ဘယ်အချက်တွေကို အခြေခံပြီး အခုလိုပြောတယ်ဆိုတာ ဘူဒါနော့ဗ်က ရှင်းမပြသလို အဲဒီအစီအစဉ်ထဲမှာ ၎င်း ရဲ့ဌာနကထောက်လှမ်းရေးအဖွဲ့တွေနဲ့ တခြားထောက်လှမ်းရေးအဖွဲ့ဝင်တွေ ပါဝင်ခြင်းရှိမရှိကိုလည်း ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

 

သမ္မတဘေးကင်းလုံခြုံဖို့အတွက် ကာကွယ်ရေးအစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်သလို ယူကရိန်းအစိုးရရဲ့ ခြိမ်းခြောက်မှုက သိသာထင်ရှားကြောင်း ရုရှား TASS သတင်းဌာနကို ပြောပါတယ်။

 

သမ္မတပူတင်ဟာ ရုရှားလူ့မလိုင်အသိုင်းအဝိုင်းအားလုံးက လက်ခံထားတဲ့ မဟုတ်တရုတ်ခေါင်းဆောင်တစ် ယောက်မဟုတ်တော့ဘဲ အာဏာရထားတာ အနှစ် ၂၀ ကျော်ရှိပြီဖြစ်တဲ့အတွက် ရုရှားပြည်သူတွေက ပူတင်ကို ဆုံးရှုံးရမှာကို စိုးရိမ်နေကြကြောင်း ဘူဒါနော့ဗ်က ပြောပါတယ်။

 

သမ္မတ ပူတင်သာ သေဆုံးသွားမယ်ဆိုရင် ၁၉၅၃ ခုနှစ်က ဆိုဗီယက်အာဏာရှင် ဂျိုးဇက်စတာလင်သေဆုံးတဲ့ ပုံစံမျိုးနဲ့ တူလိမ့်မယ်လို့ ဘူဒါနော့ဗ်က ပြောပါတယ်။

 

အဲဒီအချိန်က ဆိုဗီယက်ပြည်သူတွေဟာ ၎င်းတို့ကမ္ဘာတစ်ခုလုံး ပြိုပျက်သွားခဲ့ရပြီး ဘယ်လိုခရီးဆက်ရမှန်းမသိ တော့လောက်တဲ့အထိ ခံစားခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။

 

သမ္မတပူတင်အာဏာရရှိနေစဉ်အတွင်း ၎င်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေအကြောင်းကို တခြားသူတွေ ဘယ်သူမှ မသိကြဘူးလို့ ဆိုပါတယ်။

 

ယူကရိန်းကို တိုက်ခိုက်ဖို့ ပူတင်က ညွှန်ကြားခဲ့ပြီး အချိန်တိုအတွင်း ၂၀၂၂ ခုနှစ် မေလမှာ ကော့ကေးဆပ် ဒေသက လူတွေက ပူတင်ကိုလုပ်ကြံဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

 

Ref: Kiev spy chief says several attempts made to assassinate Putin

 

#PeopleMedia


Share this post