• Follow Us on

Home သမ္မတပူတင် ရုရှားကာကွယ်ရေးဝန်ကြီးနေရာ အရပ်သားတစ်ဦးကို အစားထိုးခန့်အပ်

သမ္မတပူတင် ရုရှားကာကွယ်ရေးဝန်ကြီးနေရာ အရပ်သားတစ်ဦးကို အစားထိုးခန့်အပ်

Share this post

နိုင်ငံတကာ၊ မေ ၁၃

 

နိုင်ငံရဲ့ စစ်အသုံးစရိတ်မြင့်တက်လာမှုနဲ့ ဆန်းသစ်ပြောင်းလဲဖို့ လိုအပ်ချက်အရ ရုရှားသမ္မတဗလာဒီမာပူတင် ဟာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူနေရာမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် အရပ်သားတစ်ဦးဖြစ်တဲ့ အန်း ဒရီးဘဲလပ်ဆော့ဗ်ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

 

ဆာဂျီရှိုင်ဂူကို သမ္မတအမိန့်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်က အနားပေးလိုက်ပြီး ရုရှားလုံခြုံရေးကောင်စီအတွင်း ရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စ်ကော့ဗ်က တနင်္ဂနွေနေ့ညက ပြောပါတယ်။

 

လုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပက်ထရူးရှက်ကို တခြားရာထူးတစ်ခုကို ပြောင်းရွှေ့လိုက်သလို ရှိုင်ဂူ ဟာ လုံခြုံရေးကောင်စီအတွင်းရေးမှူးရာထူးအပြင် ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကော်မရှင်ရဲ့ ဒုတိယ အကြီးအကဲလည်းဖြစ်လာမှာဖြစ်တယ်လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။

 

ပထမဦးဆုံးအကြိမ် ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်းဒရီးဘဲလပ်ဆော့ဗ်ဟာ အရပ်သား တစ်ဦးဖြစ်ပါတယ်။

 

စစ်အေးတိုက်ပွဲကာလတစ်လျှောက် နောက်ဆုံးမြင်တွေ့ရတဲ့ အဆင့်အထိ မြှင့်တက်လာတဲ့ စစ်အသုံးစရိတ်နဲ့ ဆန်းသစ်ပြောင်းလဲဖို့ လိုအပ်ချက်အရ ပူတင်အနေနဲ့ ဘဲလပ်ဆော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ တာဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောပါတယ်။

 

“ဒီကနေ့ စစ်မြေပြင်မှာ အနိုင်ရတဲ့သူဟာ ဆန်းသစ်ပြောင်းလဲဖို့အတွက် ပိုမိုလမ်းဖွင့်ထားတဲ့သူပဲဖြစ်ပါတယ်။ ဒါ့ ကြောင့် လက်ရှိအချိန်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို အရပ်သားတစ်ဦးက ဦးဆောင်သင့်တယ်လို့ သမ္မတ ကြီးကဆုံးဖြတ်လိုက်တာဟာ သဘာဝကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။” လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောကြားရာမှာ “လူသိများတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာအခြေအနေတွေ ကြောင့် ကာကွယ်ရေးအသုံးစရိတ် ၇.၄% အသုံးပြုလာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ က အခြေအနေဆီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာပါ တယ်။ ဒီအခြေအနေဟာ အရေးကြီးတာမဟုတ်ပါဘူး။ အသက်တမျှ အရေးကြီးတာပါ။” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ ကာကွယ်ရေးဘတ်ဂျက်ဟာ GDP ရဲ့ ၆.၇% ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ပက်စ်ကော့ဗ်က ဘဲလပ်ဆော့ဗ်ရဲ့ အရင်က ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ စီးပွားရေးနောက်ခံအကြောင်းတွေ ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။

 

“သူဟာ သာမန်အရပ်သားတစ်ဦးမဟုတ်ပါဘူး။ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကို တကယ့်ကို အောင်မြင်စွာ ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နှစ်ကာလရှည်ကြာတဲ့အထိ စီးပွားရေးပြဿနာတွေနဲ့ ပတ် သက်ပြီး သူဟာ သမ္မတကြီးကို ကူညီခဲ့သူတစ်ဦးဖြစ်ပါတယ်။ အရင် ဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရအဖွဲ့ မှာလည်း ပထမဦးဆုံး ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သူဖြစ်ပါတယ်။” လို့ ပက်စ်ကော့ဗ်က ပြောပါတယ်။

 

အခုလို ကာကွယ်ရေးဝန်ကြီးအသစ်ခန့်အပ်လိုက်တာဟာ ရုရှားတပ်မတော်ရဲ့လက်ရှိစနစ်ကို ပြောင်းလဲလိုက် တာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

“တပ်မတော်ပိုင်းအနေနဲ့ ပြောရရင် အခုလိုကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်လိုက်တဲ့အတွက် လက်ရှိကျင့် သုံးနေတဲ့ ပေါင်းစပ်ညှိနှိုင်းမှုစနစ်မှာ ဘာမှအပြောင်းအလဲဖြစ်သွားမှာ မဟုတ်ပါဘူး။ တပ်မတော်အစိတ်အပိုင်း ကတော့ စစ်ဦးစီးဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂါရာဆီမော့ဗ်ရဲ့ အထူးလုပ်ပိုင်ခွင့်အာဏာပဲ အမြဲဖြစ် နေပါတယ်။ သူ့တာဝန် သူ ဆက်လက်ထမ်းဆောင်ပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။ ဆာဂျီရှိုင်ဂူအနေနဲ့ ရုရှားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကို ဆက်လက်ကြီးကြပ်မှာဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောပါတယ်။

 

Ref: Putin replaces Russia’s defense minister with a civilian, citing rising military spending and need for innovation

 

#PeopleMedia


Share this post