• Follow Us on
Latest News

Home သမ္မတပူတင် ဝဂ္ဂနာထိပ်တန်းခေါင်းဆောင်နဲ့ ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေး

သမ္မတပူတင် ဝဂ္ဂနာထိပ်တန်းခေါင်းဆောင်နဲ့ ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် ထရိုရှက်ဗ်နဲ့ ယူကရိန်းစစ်ပွဲမှာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေကို ဘယ်လိုအကောင်းဆုံးအသုံးချမလဲဆိုတာ သောကြာနေ့က ဆွေးနွေးခဲ့ပါတယ်။

 

ဇွန်လတုန်းက မအောင်မြင်တဲ့ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂနီပရီဂိုဇင်နဲ့ တခြား ထိပ်တန်းခေါင်းဆောင်တွေ သြဂုတ်လအတွင်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားပြီးနောက် အခုတွေ့ဆုံမှုဟာ ဝဂ္ဂနာတပ်ဖွဲ့ကို ပြန်လည်ထိန်းချုပ်ဖို့ ရုရှားအစိုးရရဲ့ ကြိုးပမ်းမှုကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။

 

ဝဂ္ဂနာအုပ်စုရဲ့ ပုန်ကန်မှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပူတင်က အဲဒီကြေးစားတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက် ပွဲဝင်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဝဂ္ဂနာခေါင်းဆောင် အန်ဒရီးထရိုရှက်ဗ်ကို ပရီဂိုဇင်ထံက အာဏာကို လွှဲပြောင်းယူဖို့ အ ကြံပြုခဲ့ကြောင်း ရုရှား Kommersant သတင်းစာက ရေးသားခဲ့ပါတယ်။

 

သမ္မတပူတင်ဟာ ဝဂ္ဂနာခေါင်းဆောင် ထရိုရှက်ဗ်၊ ဒုတိယကာကွယ်ရေးဝန်ကြီး ယူနတ်ဘက်ယက်ဗ်ကူရော့ဗ်တို့ နဲ့ တွေ့ဆုံခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

 

ယူကရိန်းမှာဆင်နွှဲနေတဲ့ အထူးစစ်ဆင်ရေးက စစ်မျက်နှာအသီးသီးမှာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုအကောင်းဆုံး တိုက်ပွဲဝင်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြကြောင်း ရုရှားအစိုး ရက ပြောပါတယ်။

 

“ခင်ဗျားကိုယ်တိုင် ယူကရိန်းစစ်မြေပြင်မှာ တစ်နှစ်ကျော် တိုက်ပွဲဝင်လာခဲ့တာပဲ။ ဘာလဲ၊ ဘာလုပ်ရမလဲဆိုတာ ခင်ဗျားသိပါတယ်။ အကောင်းဆုံးတိုက်ခိုက်နိုင်အောင်၊ အကောင်းဆုံး အောင်မြင်မှုရအောင် ဘယ်လိုပြဿနာ တွေကို ကြိုတင်ဖြေရှင်းဖို့လိုတယ်ဆိုတာ ခင်ဗျားသိပါတယ်။” လို့ ပူတင်က ပြောပါတယ်။

 

Ref: Putin discusses Ukraine war with top Wagner commander Troshev

 

#PeopleMedia


Share this post