• Follow Us on

Home သမ္မတရွေးကောက်ပွဲရလဒ်ကြေညာအပြီး ဂါဘွန်နိုင်ငံမှာ စစ်တပ်ကအာဏာသိမ်း

သမ္မတရွေးကောက်ပွဲရလဒ်ကြေညာအပြီး ဂါဘွန်နိုင်ငံမှာ စစ်တပ်ကအာဏာသိမ်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀

 

ဂါဘွန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲရလဒ်တွေထွက်ပေါ်လာပြီးနောက် ထိပ်တန်းစစ်ဘက်အရာရှိတစ်စုက အာ ဏာသိမ်းလိုက်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့အစောပိုင်းက ကြေညာလိုက်ပါတယ်။

 

ရွေးကောက်ပွဲမှာ သမ္မတအလီဘွန်ဂိုအနိုင်ရရှိကြောင်းကြေညာလိုက်ပြီးနောက် ဂါဘွန်အစိုးရ Gabon 24 ရုပ် သံလိုင်းကနေ ဂါဘွန်စစ်ဘက်အရာရှိတွေက ကြေညာခဲ့တာဖြစ်ပါတယ်။

 

ဂါဘွန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍကို အားလုံးတာဝန်ယူထားကြောင်းကြေညာရင်း ရွေးကောက်ပွဲရ လဒ်တွေကို ဖျက်သိမ်းလိုက်ကြောင်း၊ နောက်ထပ်တစ်စုံတရာထုတ်ပြန်မှုမရှိမချင်း နယ်စပ်ဒေသအားလုံးကို လည်း ပိတ်ထားကြောင်း၊ လွှတ်တော်တွေကိုလည်း ဖျက်သိမ်းလိုက်ကြောင်း တစ်ဒါဇင်နီးပါးရှိတဲ့ ထိပ်တန်းစစ် ဘက်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

 

ဂါဘွန်နိုင်ငံမြို့တော် လီးဘရစ်ဗဲလ်မှာလည်း ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ သေနတ်သံတွေကြားနေရတယ်လို့ ဆိုပါ တယ်။ “ဂါဘွန်ပြည်သူလူထုအကျိုးငှာ လက်ရှိအစိုးရကို ဖြုတ်ချပြီး ငြိမ်းချမ်းမှုကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော် တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။” လို့ အဆိုပါစစ်ဘက်အရာရှိတွေက ပြောပါတယ်။

 

လက်ရှိသမ္မတရဲ့ဖခင်ဖြစ်သူ အိုမာဘွန်ဂိုဟာ ၁၉၆၇ ခုနှစ်ကနေ ၎င်းမသေဆုံးမီ ၂၀၀၉ ခုနှစ်အထိ သမ္မတအ ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိသမ္မတဘွန်ဂိုကို ပြန်လည်ရွေးကောက်ခန့်အပ်တာဟာ တိုင်းပြည်ချမ်းသာ ပြီး ပြည်သူတွေဆင်းရဲနေတဲ့ အာဖရိကနိုင်ငံတစ်ခုမှာ တိုင်းပြည်အာဏာကို မိသားစုတစ်စုက ၅၆ နှစ်ကြာဆက် လက်ကိုင်စွဲခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရွေးကောက်ပွဲကာလ ပွင့်လင်းမြင်သာမှုမရှိတာတွေထဲမှာ နိုင်ငံခြားသတင်းဌာနတွေကို သတင်းယူခွင့်ပိတ်ပင် ထားတာ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ ရွေးကောက်ပွဲအပြီး တစ်နိုင်ငံလုံး သတ်မှတ်ချိန်အပြင် မထွက်ရအမိန့်ထုတ်ပြန်ထားတာတွေ ပါဝင်ပါတယ်။

 

၁၉၉၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်စတင်ခဲ့တဲ့ ဂါဘွန်နိုင်ငံက ရွေးကောက်ပွဲဟာ အကြမ်းဖက် မှုနဲ့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ လူ ၄ ဦးသေဆုံးခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပေမဲ့ သေဆုံးသူဦးရေဟာ အဲဒီထက်ပိုမိုများပြားကြောင်း အတိုက်အ ခံတွေက ပြောပါတယ်။

 

Ref: Military announce coup in Gabon as senior officers seize power after presidential election

 

#PeopleMedia


Share this post