• Follow Us on

Home “သမၼတတစ္ေယာက္အေနနဲ႔ဆုိရင္ တစ္ျပည္လုံးကုိ ကုိယ္စားျပဳတာဗ်။ ဘာေၾကာင့္ ေအာက္ကုိဆင္းၿပီးေတာ့ ပါတီတစ္ခုကုိ ကုိယ္စားျပဳၿပီး ေျပာေနတာလဲ။ တစ္ျပည္လုံးကုိ ကုိယ္စားျပဳၿပီးေျပာတာ ပုိမေကာင္းဘူးလား” ဦးစိုင္းၫြန႔္လြင္(ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒)

“သမၼတတစ္ေယာက္အေနနဲ႔ဆုိရင္ တစ္ျပည္လုံးကုိ ကုိယ္စားျပဳတာဗ်။ ဘာေၾကာင့္ ေအာက္ကုိဆင္းၿပီးေတာ့ ပါတီတစ္ခုကုိ ကုိယ္စားျပဳၿပီး ေျပာေနတာလဲ။ တစ္ျပည္လုံးကုိ ကုိယ္စားျပဳၿပီးေျပာတာ ပုိမေကာင္းဘူးလား” ဦးစိုင္းၫြန႔္လြင္(ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒)

Share this post

“NLD ကလြဲၿပီး တစ္ျခားဟာမရွိဘူးဆိုတာကေတာ့ ဒါကေတာ္ေတာ္လူရီစရာ ေကာင္းတယ္” ဦးေစာသန္းျမင့္ (ဖက္ဒရယ္ျပည္ေထာင္စုပါတီ-ဥကၠ႒)
“NLD ပါတီက ေ႐ြးေကာက္ပြဲအာဏာရွင္ပုံစံမ်ိဳးျဖစ္သြားမယ္ဆိုရင္ NLD ပါတီလည္း အာဏာရွင္ပါတီ ျဖစ္သြား မွာဘဲေလ” ဦးသာလွေအာင္(ရခိုင္အမ်ိဳးသားပါတီဥကၠ႒)
“ဒီမိုကေရစီအုပ္စုထဲမွာမွ ထူးခြၽန္ထက္ျမက္တဲ့ေခါင္းေဆာင္ေကာင္းရွိတဲ့ပါတီ၊ ျပည္သူကိုယုံၾကည္အားကိုးတဲ့ ပါတီ၊ ျပည္သူကအားေပးေထာက္ခံတဲ့ပါတီ ဒီမိုကေရစီေရးကို မဆုတ္မနစ္ ႀကိဳးပမ္းအားထုတ္တဲ့ပါတီကို ေ႐ြးခ်ယ္ၾကရမွာျဖစ္ပါတယ္။ ဒီမိုကေရစီေရးအတြက္ NLD မွတစ္ပါးအျခားမရွိပါ” လို႔ နိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ယေန႔ သူရဲ႕ေဖ့ဘုတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။ အဆိုပါေရးသားခ်က္ႏွင့္ People Media က တုိင္းရင္းသားပါတီမ်ား၏ သေဘာထားမ်ားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။
(unicode)
“သမ္မတတစ်ယောက်အနေနဲ့ဆိုရင် တစ်ပြည်လုံးကို ကိုယ်စားပြုတာဗျ။ ဘာကြောင့် အောက်ကိုဆင်းပြီးတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီး ပြောနေတာလဲ။ တစ်ပြည်လုံးကို ကိုယ်စားပြုပြီးပြောတာ ပိုမကောင်းဘူးလား” ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ)
“NLD ကလွဲပြီး တစ်ခြားဟာမရှိဘူးဆိုတာကတော့ ဒါကတော်တော်လူရီစရာ ကောင်းတယ်” ဦးစောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ-ဥက္ကဋ္ဌ)
“NLD ပါတီက ရွေးကောက်ပွဲအာဏာရှင်ပုံစံမျိုးဖြစ်သွားမယ်ဆိုရင် NLD ပါတီလည်း အာဏာရှင်ပါတီ ဖြစ်သွား မှာဘဲလေ” ဦးသာလှအောင်(ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ)
“ဒီမိုကရေစီအုပ်စုထဲမှာမှ ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်ကောင်းရှိတဲ့ပါတီ၊ ပြည်သူကိုယုံကြည်အားကိုးတဲ့ ပါတီ၊ ပြည်သူကအားပေးထောက်ခံတဲ့ပါတီ ဒီမိုကရေစီရေးကို မဆုတ်မနစ် ကြိုးပမ်းအားထုတ်တဲ့ပါတီကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် NLD မှတစ်ပါးအခြားမရှိပါ” လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ သူရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဆိုပါရေးသားချက်နှင့် People Media က တိုင်းရင်းသားပါတီများ၏ သဘောထားများကို ဆက်သွယ်မေးမြန်းခဲ့သည်။
ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္၏ သေဘာထားမွတ္ခ်က္
……………………………………………………….

“သမၼတတစ္ေယာက္အေနနဲ႔ဆုိရင္ တစ္ျပည္လုံးကုိ ကုိယ္စားျပဳတာဗ်။ ဘာေၾကာင့္ ေအာက္ကုိဆင္းၿပီးေတာ့ ပါတီတစ္ခုကုိ ကုိယ္စားျပဳၿပီး ေျပာေနတာလဲ။ တစ္ျပည္လုံးကုိ ကုိယ္စားျပဳၿပီးေျပာတာ ပုိမေကာင္းဘူးလား။ ဘာေၾကာင့္ ကုိယ္ပါတီတစ္ခုထဲကိစၥကုိ ကုိယ္စားျပဳၿပီး ဆင္းေျပာရတာလဲ၊ ကၽြန္ေတာ့္သေဘာဆုိရင္ တစ္ျပည္လုံးကုိ ကုိယ္စားျပဳၿပီး ေျပာေစခ်င္ပါတယ္။ ျပည္သူလူထုက တစ္ျပည္လုံးကုိ ကုိယ္စားျပဳဖုိ႔ တာဝန္ေပး ထားတာ။ ဒါကေတာ့ သူကသူ႔ပါတီဆိုေတာ့ အမႊန္းတင္မွာပါဘဲေလ ၿပီးရင္မဲထည့္ဖို႔ မဲဆြယ္မယ္၊ ကြၽန္ေတာ္တို႔ လည္း ဒီမိုကေရစီအတြက္ေတာက္ေလွ်ာက္လုပ္ခဲ့တာပဲ သူတို႔ထပ္ေတာ့မေလ်ာ့ပါဘူး၊ မက္ေဆ့ေတြ ထင္ေရာင္ထင္မွားအလြဲေတြ ေပးေနတာကေတာ့မမွန္ဘူးေပါ့၊ ကိုယ္ကိစၥကိုယ္လုပ္တဲ့အေၾကာင္းေတာ့ေျပာလို႔ ရတာေပါ့၊ သူမ်ားမလုပ္နိုင္ဘူးဆိုတာကေတာ့ မမွန္မကန္ စြတ္စြဲတာေပါ့၊ သမၼတတစ္ေယာက္အေနနဲ႔ ဒီလိုေျပာေတာ့ ျပည္သူေတြ ထင္ေရာင္ထင္မွားျဖစ္လာနိုင္တာေပါ့၊ ဒီေန႔ ျမန္မာျပည္မွာ ျဖစ္ပ်က္ေနတာေတြ အားလုံးက လက္ရွိအာဏာရပါတီနဲ႔ အစိုးရေပၚမွာအမ်ားႀကီးမူတည္ပါတယ္၊ ေကာင္းတယ္ မေကာင္းတယ္ဆို တာကေတာ့ သမိုင္းကေနဆုံးျဖတ္ပါလိမ့္မယ္၊ မဲဆႏၵရွင္ေတြက သူဟာသူဘယ္သူကိုမဲေပးမယ္ဆိုတာ သူဟာနဲ႔ သူရွိၿပီးသားပါဗ်ာ”

(unicode)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၏ သဘောထားမှတ်ချက်
……………………………………………………….

“သမ္မတတစ်ယောက်အနေနဲ့ဆိုရင် တစ်ပြည်လုံးကို ကိုယ်စားပြုတာဗျ။ ဘာကြောင့် အောက်ကိုဆင်းပြီးတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီး ပြောနေတာလဲ။ တစ်ပြည်လုံးကို ကိုယ်စားပြုပြီးပြောတာ ပိုမကောင်းဘူးလား။ ဘာကြောင့် ကိုယ်ပါတီတစ်ခုထဲကိစ္စကို ကိုယ်စားပြုပြီး ဆင်းပြောရတာလဲ၊ ကျွန်တော့်သဘောဆိုရင် တစ်ပြည်လုံးကို ကိုယ်စားပြုပြီး ပြောစေချင်ပါတယ်။ ပြည်သူလူထုက တစ်ပြည်လုံးကို ကိုယ်စားပြုဖို့ တာဝန်ပေး ထားတာ။ ဒါကတော့ သူကသူ့ပါတီဆိုတော့ အမွှန်းတင်မှာပါဘဲလေ ပြီးရင်မဲထည့်ဖို့ မဲဆွယ်မယ်၊ ကျွန်တော်တို့ လည်း ဒီမိုကရေစီအတွက်တောက်လျှောက်လုပ်ခဲ့တာပဲ သူတို့ထပ်တော့မလျော့ပါဘူး၊ မက်ဆေ့တွေ ထင်ရောင်ထင်မှားအလွဲတွေ ပေးနေတာကတော့မမှန်ဘူးပေါ့၊ ကိုယ်ကိစ္စကိုယ်လုပ်တဲ့အကြောင်းတော့ပြောလို့ ရတာပေါ့၊ သူများမလုပ်နိုင်ဘူးဆိုတာကတော့ မမှန်မကန် စွတ်စွဲတာပေါ့၊ သမ္မတတစ်ယောက်အနေနဲ့ ဒီလိုပြောတော့ ပြည်သူတွေ ထင်ရောင်ထင်မှားဖြစ်လာနိုင်တာပေါ့၊ ဒီနေ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေ အားလုံးက လက်ရှိအာဏာရပါတီနဲ့ အစိုးရပေါ်မှာအများကြီးမူတည်ပါတယ်၊ ကောင်းတယ် မကောင်းတယ်ဆို တာကတော့ သမိုင်းကနေဆုံးဖြတ်ပါလိမ့်မယ်၊ မဲဆန္ဒရှင်တွေက သူဟာသူဘယ်သူကိုမဲပေးမယ်ဆိုတာ သူဟာနဲ့ သူရှိပြီးသားပါဗျာ”

ဦးေစာသန္းျမင့္(ဖက္ဒရယ္ျပည္ေထာင္စုပါတီ-ဥကၠ႒)၏ သေဘာထားမွတ္ခ်က္
………………………………………………………

“NLD ကလြဲၿပီး တစ္ျခားဟာမရွိဘူးဆိုတာကေတာ့ ဒါကေတာ္ေတာ္လူရီစရာ ေကာင္းတယ္၊ ဒါေတြက အာဏာ ရွင္ရဲ႕လုပ္ရပ္ေတြ အာဏာရွင္ရဲ႕ ေျပာစကားေတြ ဒီမိုကေရစီဆိုတာက ဒါမ်ိဳးစကားေျပာတဲ့ဟာက ဒီမိုကေရစီ မဟုတ္ဘူးေလ၊ ဒါကအာဏာရွင္ေတြ ေျပာတာပဲ၊ ဒီအေျပာမ်ိဳးဟာ အာဏာရွင္ရဲ႕ အသုံးအႏႈန္းလို႔ပဲ ေျပာခ်င္ပါ တယ္။ အားလုံးမွာအရည္အခ်င္းကိုယ္စီရွိပါတယ္။ ေလာကႀကီးမွာ အသုံးမၾကတဲ့သူဆိုတာလည္း မရွိပါဘူး၊ ပါတီမွာလည္းဒီအတိုင္းပါပဲ၊ ဘယ္ပါတီကျဖင့္ အားလုံး အရည္အခ်င္းေကာင္းတယ္ဆိုတဲ့ ပါတီတစ္ေလာက လုံးမွာမေတြ႕ဘူးဗ်၊ အထူးသျဖင့္ ကြၽန္ေတာ္တို႔ျမန္မာနိုင္ငံမွာကိုယ္စားလွယ္ေလာင္းအားလုံးေတာ္တဲ့ ပါတီ ျမန္မာျပည္မွာ တစ္ပါတီမွမရွိဘူး၊ ေတာ္တဲ့သူရွိတယ္ညံ့တဲ့သူရွိတယ္၊ အရည္အခ်င္းေကာင္းတဲ့သူရွိတယ္၊ အရည္အခ်င္းညံ့တဲ့သူရွိတယ္၊ အဲ့ဒါကပုဂၢိဳလ္တစ္ဦးျခင္းနဲ႔ဆိုင္ပါတယ္”

(unicode)
ဦးစောသန်းမြင့်(ဖက်ဒရယ်ပြည်ထောင်စုပါတီ-ဥက္ကဋ္ဌ)၏ သဘောထားမှတ်ချက်
………………………………………………………

“NLD ကလွဲပြီး တစ်ခြားဟာမရှိဘူးဆိုတာကတော့ ဒါကတော်တော်လူရီစရာ ကောင်းတယ်၊ ဒါတွေက အာဏာ ရှင်ရဲ့လုပ်ရပ်တွေ အာဏာရှင်ရဲ့ ပြောစကားတွေ ဒီမိုကရေစီဆိုတာက ဒါမျိုးစကားပြောတဲ့ဟာက ဒီမိုကရေစီ မဟုတ်ဘူးလေ၊ ဒါကအာဏာရှင်တွေ ပြောတာပဲ၊ ဒီအပြောမျိုးဟာ အာဏာရှင်ရဲ့ အသုံးအနှုန်းလို့ပဲ ပြောချင်ပါ တယ်။ အားလုံးမှာအရည်အချင်းကိုယ်စီရှိပါတယ်။ လောကကြီးမှာ အသုံးမကြတဲ့သူဆိုတာလည်း မရှိပါဘူး၊ ပါတီမှာလည်းဒီအတိုင်းပါပဲ၊ ဘယ်ပါတီကဖြင့် အားလုံး အရည်အချင်းကောင်းတယ်ဆိုတဲ့ ပါတီတစ်လောက လုံးမှာမတွေ့ဘူးဗျ၊ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာကိုယ်စားလှယ်လောင်းအားလုံးတော်တဲ့ ပါတီ မြန်မာပြည်မှာ တစ်ပါတီမှမရှိဘူး၊ တော်တဲ့သူရှိတယ်ညံ့တဲ့သူရှိတယ်၊ အရည်အချင်းကောင်းတဲ့သူရှိတယ်၊ အရည်အချင်းညံ့တဲ့သူရှိတယ်၊ အဲ့ဒါကပုဂ္ဂိုလ်တစ်ဦးခြင်းနဲ့ဆိုင်ပါတယ်”

ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာလွေအာင္
……………………………….

“ျမန္မာနိုင္ငံမွာ တိုင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳးရွိတယ္လို႔ ေျပာတယ္ေလ၊ အဲ့ဒါေၾကာင့္ NLD ပါတီတစ္ခုတည္း ကိုမဲေပးမယ္ဆိုရင္ဒါတစ္ပါတီကႀကီးဆိုးတဲ့ေ႐ြးေကာက္ပြဲအာဏာရွင္ ျဖစ္သြားမွာေပါ့၊ အဲ့ဒါေၾကာင့္ NLD ပါတီကေ႐ြးေကာက္ပြဲအာဏာရွင္ပုံစံမ်ိဳး ျဖစ္သြားမယ္ဆိုရင္ NLD ပါတီလည္းအာဏာရွင္ပါတီ ျဖစ္သြားမွာ ဘဲေလ၊ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံေနထိုင္တဲ့ နိုင္ငံမွာ NLD ပါတီတစ္ခုတည္းကိုမဲေပးပါဆိုတဲ့ ပုံစံမ်ိဳးကေတာ့ ဒါေ႐ြးေကာက္ပြဲအာဏာရွင္စနစ္ကိုဖန္တီးဖို႔အတြက္ ႀကိဳးစားတဲ့လုပ္ရပ္လို႔ ကြၽန္ေတာ္ျမင္တယ္၊ NLD ပါတီက စစ္အာဏာရွင္ေတြကို တိုက္လာတဲ့ေနရာေတြမွာ တိုင္းရင္းသားပါတီေတြက မဟာမိတ္လုပ္ၿပီး၊ တိုက္လာခဲ့တာ ရွိတယ္ေလ၊ အခုအေျခအေနမွာက NLD မွာက အရင္တုန္းက မဟာမိတ္ေတြကိုလည္း ရန္သူလိုဆက္ဆံလာ တဲ့ အေျခအေနရွိတယ္လို႔ ျမင္တယ္၊ ဒီပုံစံကေတာ့ ျမန္မာနိုင္ငံမွာ ေ႐ြးေကာက္ပြဲအာဏာရွင္စနစ္ကိုဖန္တီးတဲ့ လုပ္ရက္လို႔ ျမင္တယ္၊ ၿပီးေတာ့ ရခိုင္ျပည္နယ္ ၉ ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲမက်င္းပေတာ့ဘူးဆိုေတာ့ ရခိုင္လူမ်ိဳးေတြရဲ႕ နိုင္ငံေရးကိုဖ်က္စီးလိုက္တာလို႔ျမင္တယ္၊ ၿပီးေတာ့ ျမန္မာနိုင္ငံမွာ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတဲ့ ေမွ်ာ္မွန္းခ်က္ေတြကိုဖ်က္စီးလိုက္တဲ့လုပ္ရပ္လို႔ ျမင္တယ္”

#PeopleMedia #တုိင္းရင္းသားႏုိင္ငံေရး #Political #ဦးစုိင္းညႊန္႔လြင္ #ဦးသာလွေအာင္ #ဦးေစာသန္းျမင့္

(unicode)
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာလှအောင်
……………………………….

“မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်လို့ ပြောတယ်လေ၊ အဲ့ဒါကြောင့် NLD ပါတီတစ်ခုတည်း ကိုမဲပေးမယ်ဆိုရင်ဒါတစ်ပါတီကကြီးဆိုးတဲ့ရွေးကောက်ပွဲအာဏာရှင် ဖြစ်သွားမှာပေါ့၊ အဲ့ဒါကြောင့် NLD ပါတီကရွေးကောက်ပွဲအာဏာရှင်ပုံစံမျိုး ဖြစ်သွားမယ်ဆိုရင် NLD ပါတီလည်းအာဏာရှင်ပါတီ ဖြစ်သွားမှာ ဘဲလေ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာ NLD ပါတီတစ်ခုတည်းကိုမဲပေးပါဆိုတဲ့ ပုံစံမျိုးကတော့ ဒါရွေးကောက်ပွဲအာဏာရှင်စနစ်ကိုဖန်တီးဖို့အတွက် ကြိုးစားတဲ့လုပ်ရပ်လို့ ကျွန်တော်မြင်တယ်၊ NLD ပါတီက စစ်အာဏာရှင်တွေကို တိုက်လာတဲ့နေရာတွေမှာ တိုင်းရင်းသားပါတီတွေက မဟာမိတ်လုပ်ပြီး၊ တိုက်လာခဲ့တာ ရှိတယ်လေ၊ အခုအခြေအနေမှာက NLD မှာက အရင်တုန်းက မဟာမိတ်တွေကိုလည်း ရန်သူလိုဆက်ဆံလာ တဲ့ အခြေအနေရှိတယ်လို့ မြင်တယ်၊ ဒီပုံစံကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအာဏာရှင်စနစ်ကိုဖန်တီးတဲ့ လုပ်ရက်လို့ မြင်တယ်၊ ပြီးတော့ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပတော့ဘူးဆိုတော့ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးကိုဖျက်စီးလိုက်တာလို့မြင်တယ်၊ ပြီးတော့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်းချက်တွေကိုဖျက်စီးလိုက်တဲ့လုပ်ရပ်လို့ မြင်တယ်”

#PeopleMedia #တိုင်းရင်းသားနိုင်ငံရေး #Political #ဦးစိုင်းညွှန့်လွင် #ဦးသာလှအောင် #ဦးစောသန်းမြင့်


Share this post