
PUBLISHED - December 4, 2019
ရန်ကုန်၊ ဒီဇင်ဘာ – ၎
(Unicode)
သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား ဂါရဝပြုတွေ့ဆုံပွဲ ဇန်နဝါရီလ၌ ပြုလုပ်မည်
…………………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၄
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား ဂါရဝပြုတွေ့ဆုံပွဲ ဇန်နဝါရီ(၅)ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တော်ဆုံမှတ်ပရဟိတအသင်း တွဲဖက်အတွင်းရေးမှူး(၁)ဦးအေးချမ်းမင်းက ပြောသည်။
“ကျွန်တော်တို့က ၂၀၁၆ ကနေ စပြီး ဂါရဝပြုပွဲကျင်းပခဲ့တာပါ။ ၂၀၁၉ မှာ တစ်နှစ် မလုပ်ဖြစ်လိုက်ဘူး။ ၂၀၂၀ မှာ ပြန်ပြီး လုပ်ဖြစ်တာပါ။ စုစုပေါင်းလေးကြိမ်ရှိသွားပါပြီ”ဟု ဦးအေးချမ်းမင်းက ပြောသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား ဂါရဝပြုတွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ် ညီလာခံ ခန်းမ၌ ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဂါရဝပြုပွဲကို ပြည်သူ(၃၂၀၀)တက်ရောက်ခွင့်ပြုထားသည်။
#PeopleMedia