• Follow Us on
Latest News

Home သမရိုးကျရေငုပ်သင်္ဘောများ၏စွမ်းရည်များကို ပြင်သစ်ကာကွယ်ပြောဆို

သမရိုးကျရေငုပ်သင်္ဘောများ၏စွမ်းရည်များကို ပြင်သစ်ကာကွယ်ပြောဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

ပြင်သစ်ထုတ်သမရိုးကျရေငုပ်သင်္ဘောစွမ်းရည်များ၏ ကာကွယ်ရေးစွမ်းအားကို ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဌာနက ကာကွယ်ပြောဆိုလိုက်ပြီး အမေရိကန်နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို ဝယ်ယူရန်ရွေး ချယ်လိုက်သည့် သြစတေးလျဆုံးဖြတ်ချက်ကို တွစ်တာတွင် ရေးသားဝေဖန်လိုက်သည်။

 

သြစတေးလျကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟာဗီးဂရန်းဂျိန်းက စာချုပ်ကိစ္စနှင့်ပတ်သက်၍ တွစ်တာ တွင် ပို့စ်များတင်ပြီး ရေးသားတိုက်ခိုက်ခဲ့သည်။ သြစတေးလျ၏ကြေညာချက်မှာ လှေပြေးတုန်းတက်ကိုရိုက်ချိုး သကဲ့သို့ဖြစ်သည်ဟု အချို့ကပြောသည်။

 

သြစတေးလျက ပြင်သစ်နှင့်သဘောတူထားသည့် သမရိုးကျရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ကို ဖျက်သိမ်း လိုက်ပြီး အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဝယ်ယူရေးကို ရွေးချယ်လိုက်ရာ ယင်းဖြစ် ရပ်သည် အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာသဘောတူစာချုပ်က ၎င်းတို့ရေငုတ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ကို သစ္စာဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြင်သစ်အစိုးရကပြောသည်။

 

သြစတေးလျ၏ဆုံးဖြတ်ချက်မှာ သြစတေးလျနိုင်ငံသားများအတွက် သတင်းဆိုးဖြစ်ကြောင်း ဟာဗီးဂရန်းဂျိန်းက ပြောသည်။ AUKUS သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့စည်းလိုက်ခြင်းမှာ သြစတေးလျနိုင်ငံအနေဖြင့် စီစဉ်ထားသည့် အ ချိန်ထက် ဆယ်စုနှစ်တစ်ခုနောက်ကျပြီးမှ ရေငုပ်သင်္ဘောများကို ရရှိနိုင်မည်ဟု အဓိပ္ပာယ်ထွက်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်အစား ၂၀၄၀ ပြည့်နှစ်လောက်ရောက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ “အကြာကြီးပါပဲ။ အချိန်ကြာဦးမှာပါ။ တရုတ်က စစ်ဘောင်သွင်းနေတာ ဘယ်လောက်မြန်သလဲဆိုတာ ခင်ဗျားတို့အမြင်ပဲလေ။” ဟု ၎င်းကပြောသည်။

 

ပြင်သစ်ရေငုပ်သင်္ဘောများမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင် လုံလောက်သော အသံတိုးညှင်းမှုမရှိ ကြောင်း ဝေဖန်ချက်များကို ဟာဗီးဂရန်းဂျိန်းက ငြင်းဆိုလိုက်သည်။ ပြင်သစ်နိုင်ငံက ကမ်းလှမ်းထားသော သမရိုးကျရေငုပ်သင်္ဘောများမှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများထက် စက်သံပိုမိုတိုးညှင်း ကြောင်း၊ သမရိုးကျရေငုပ်သင်္ဘောတစ်စီး ခုတ်မောင်းရာတွင် သင်္ဘော၏ reactor အတွက် အမြဲတမ်းလေအေး ပေးစနစ်အသုံးပြုစရာမလိုကြောင်း ၎င်းကပြောသည်။

 

သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်ကြောင့် ပြင်သစ်အစိုးရက သံအမတ်များကို ပြန်လည်ခေါ်ယူသွားသည့်တိုင်အောင် သံတမန်ဆိုင်ရာပြဿနာမှာ ပြင်သစ်နိုင်ငံနှင့် ကာလရှည်ခိုင်မြဲနေခဲ့သည့် ၎င်းတို့ဆက်ဆံရေးကို ထိခိုက်မည်မ ဟုတ်ကြောင်း အမေရိကန်၊ သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့က ပြောသည်။

 

Ref: Defense official defends French submarine-making capability

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Defense official defends French submarine-making capability

 

#PeopleMedia


Share this post