• Follow Us on

Home သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကြီးကို တရုတ်နှင့် ရုရှား ပူးပေါင်းထုတ်လုပ်မည်

သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကြီးကို တရုတ်နှင့် ရုရှား ပူးပေါင်းထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၃ နှစ်အတွင်း သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကြီးကို ပူးတွဲထုတ်လုပ်ရန် အတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ရုရှားရဟတ်ယာဉ်ထုတ်လုပ်ရေးအကြီးအကဲ ဖြစ်သူ အန်ဒရီဘိုကင်စကီး၏ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

နှစ်နိုင်ငံ ဆယ်နှစ်ကျော်ဆွေးနွေးညှိနှိုင်းပြီးနောက် အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း၊ ရုရှားနိုင်ငံဘက်က ဂီယာအုံစက်ပိုင်း၊ နောက်ဘက်ပန်ကာနှင့် anti-icing system များကို ထုတ်လုပ် သွားမည်ဖြစ်ကြောင်း အန်ဒရီဘိုကင်စကီးက ပြောသည်။

 

အေဗီကော်ပတာကုမ္ပဏီကဦးဆောင်၍ တရုတ်နိုင်ငံဘက်က ပုံစံရေးဆွဲခြင်း၊ စမ်းသပ်ခြင်း၊ ရဟတ်ယာဉ်ပုံစံတူ ထုတ်လုပ်ခြင်း၊ မှန်ကန်ကြောင်းအသိအမှတ်ပြုသက်သေခံခြင်း၊ အတွဲလိုက်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တင် သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းရဟတ်ယာဉ်ကို တရုတ်တပ်မတော်တွင်အသုံးပြုသွားနိုင် ဖွယ်ရှိကြောင်းသိရသည်။

 

“ကျွန်တော်တို့အတွက် အထူးသဖြင့်တော့ ကျွန်တော်တို့ရဲ့လူငယ်တွေအတွက် ဒီလုပ်ငန်းကို ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ တခြားလုပ်ငန်းတွေကြားမှာ ကျွန်တော်တို့ နှစ်ကာလကြာရှည်ဆောင်ရွက်နိုင်တဲ့ အရေးကြီးတဲ့စီမံချက်လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့ နောက်ထပ် ကျွမ်းကျင်မှုတွေ အရည်အသွေးတွေ ရရှိနိုင် တဲ့လုပ်ငန်းတစ်ခုပါ။” ဟု ဘိုကင်စကီးကပြောသည်။

 

AC332 AHL ဟုခေါ်သည့် အဆိုပါရဟတ်ယာဉ်အကြီးစားသည် အများဆုံး ၃၈.၂ တန်သယ်ဆောင်ပြီး အမြင့် ဆုံး မီတာ ၅,၇၀၀ (၁၈,၇၀၁ ပေ) အထိ ပျံတက်နိုင်သည်။ ယင်းရဟတ်ယာဉ်သည် ရဟတ်ယာဉ်ဆီပြန်လည် ဖြည့်တင်းခြင်းမပြုဘဲ အမြန်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ (တစ်နာရီ ၁၈၆ မိုင်) နှုန်းဖြင့် ခရီးအကွာအဝေး ကီလိုမီတာ ၆၃၀ (၃၉၁ မိုင်) အထိ မရပ်နားဘဲပျံသန်းနိုင်သည်။ ရဟတ်ယာဉ်အောက်ပိုင်းတွင် ၁၅ တန်အလေး ချိန်ရှိသော ကုန်ပစ္စည်းတစ်ခုခုကိုချိတ်ဆွဲထားလျှင် ရဟတ်ယာဉ်သည် ယင်းကုန်ပစ္စည်းမပါဘဲ နောက်ထပ် ၁၀ တန်အလေးချိန်ကို သယ်ဆောင်နိုင်ကြောင်းသိရသည်။

 

ရဟတ်ယာဉ်သည် ခရီးသည်ဦးရေ ၆၀ သယ်ဆောင်ထားပါက ခန့်မှန်းအလေးချိန် ပေါင် ၈၄,၂၀၀ (၃၈,၁၉၂ ကီလိုဂရမ်) အလေးချိန်ရှိမည်ဖြစ်သည်။

 

Ref: China, Russia to Co-Develop Heavy-Lift Helicopter

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: China, Russia to Co-Develop Heavy-Lift Helicopter

 

#PeopleMedia


Share this post