• Follow Us on
Latest News

Home သရက်မြို့နယ်၌ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချ သတ်သေ

သရက်မြို့နယ်၌ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချ သတ်သေ

Share this post

မကွေး၊ ဒီဇင်ဘာ ၂၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ အမှတ်(၇)ရက်ကွက်၌ နေထိုင်သည့် ရွာထောင်ကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာမကြီးသည် ဒီဇင်ဘာ ၂၈ ရက်နေ့က ၎င်း၏ နေအိမ်၌ ကြိုးဆွဲချသတ်သေမှု ပြုလုပ်ခဲ့သည်။

 

“ဆရာမကြီးရဲ့ တပည့်တွေ များစွာရှိတယ်။ ဆရာမကြီးက ပညာရေးအတွက် အားစိုက်ခဲ့သူပါ။ နိုင်ငံရေးအခြေ အနေအရ အချို့တပည့်တွေရဲ့ စော်ကားမှုကို ခံနေရတယ်။ ဒီလိုကြောင့် ထင်ပါတယ်” လို့ ဆရာမကြီးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်၌ ဆရာမကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေအရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံကျောင်းများ၌ မကြာခဏ ဗုံးဖောက်ခွဲခြင်း၊ မိုင်းခွဲခြင်းများကို နိုင်ငံရေး အင်အားစုအချို့မှ ဆောင်ရွက်လျက်ရှိသည်။

 

Photo – credit

 

#PeopleMedia #သရက်မြို့ #ပညာရေး

 

(unicode)


…………………………………………………..

 


 


 


 


 


 

Photo – credit

 



Share this post