• Follow Us on
Latest News

Home သရက်ချောင်းမြို့တွင် သံဃာတစ်ပါး အပေါ့စွန့်နေစဉ် မိုင်းနင်းမိ၍ ဒဏ်ရာရ

သရက်ချောင်းမြို့တွင် သံဃာတစ်ပါး အပေါ့စွန့်နေစဉ် မိုင်းနင်းမိ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအနီးအရောက်တွင် မော် တော်ယာဉ်အားရပ်၍ အပေါ့စွန့်သည့် သံဃာတစ်ပါး မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် မြိတ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ မြိတ်-ထားဝယ်ကား လမ်း အတိုင်းမောင်းနှင်လာစဉ် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအနီးအရောက်တွင် PDF များထောင်ထား သည့် မိုင်းကို အပေါ့စွန့်သည့် သံဃာတစ်ပါးမှ မိုင်းနင်းမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းနင်းမိသည့် သံဃာတော်မှာ မြိတ်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဝင် ဥူးဝါသဝသီရိ (၄၅) နှစ် ၂၅ (ဝါ) ဖြစ်ပြီး ချောင်းကူးငယ်ကျေးရွာရှိ မေတ္တာဝါဒီဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေကြောင်း၊ ထိုပေါက်ကွဲမှု ကြောင့် သံဃာတော်၏ ဘယ်ဘက်ဒူးအောက်ကြေမွဒဏ်ရာ၊ ညာဘက်ခြေသလုံး မိုင်းစထိမှန် ဒဏ်ရာများ (စိုးရိမ်ရ) ရရှိ၍ သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ထားဝယ်မြို့တဆရ (၁၂/၁၀၀)သ့ို လဲပြောင်းပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post