• Follow Us on
Latest News

Home သရက်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား (၄) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

သရက်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား (၄) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ ဇွန် ၁၅

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယမန်နေ့နံနက် ပိုင်းတွင် မကွေးတိုင်းဒေသကြီး သရက်မြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား (၄) ဦး တို့အား  တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင် ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်သည်။

 

#PeopleMedia


Share this post