• Follow Us on

Home သာကေတမြို့တွင် ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိ

သာကေတမြို့တွင် ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ်၊ အနော်မာထိပ်၊ ဧရာဝဏ်လမ်းဘေးတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသာတစ်ဦး သေဆုံးနေကြောင်း တာဝန်ရှိသူများမှ ဒိုညီနောင် နာရေးနှင့် လူမှုကူညီကယ်ဆယ်ဆောင်ရွက်ရေးအသင်းသို့ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွား ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသည့် အမည်မသိအမျိုးသားတစ်ဦးမှာ အသက် (၃၀) ဝန်းကျင်ခန့်ရှိပြီး၊ ထိုရုပ်အလောင်းကို ဒိုညီနောင် နာရေးနှင့် လူမှုကူညီကယ်ဆယ်ဆောင်ရွက်ရေးအသင်းမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်း၊ ထိုသတ်ဖြတ်ခံရသည့် အမျိုးသားကို မည်သူများမှ သတ်ဖြတ် သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်-ညောင်တုန်းလမ်းပေါ်ရှိ အောင်ဇေယျကြိုးတံတားပေါ်တွင် အမျိုးသမီးတစ်ဦး ဝတ်လစ်စလစ်ဖြင့် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post