• Follow Us on

Home သာကေတမြို့နယ်ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုများနေ

သာကေတမြို့နယ်ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုများနေ

Share this post

နေပြည်တော်၊ ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုများ နေကြောင်း သာကေတအခြေစိုက် လူမှုကူညီရေးအသင်းမှ သိရသည်။

 

ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားမှုများနေသည့်အတွက် အနော်မာနှင့် ၁ ထူပါရုံတွင် ဇူလိုင်လ ၁၃ ရက်နေ့ထိ မုန့်ဟင်းခါးဆိုင်များ၊ လမ်းဘေးဆိုင်များကို ပိတ်ထားရန် သက်ဆိုင်ရာက လိုက်လံအသိပေးထားကြောင်း သိရသည်။

 

“၁ ထူပါရုံ လမ်းသွယ်တွေမှာ ဝမ်းပျက်ဝမ်းလျော လူနာများ တွေ့ရှိလာပါတယ်။ ဝမ်းရောဂါက ကြောက်စရာ အင်မတန် ကောင်းပါတယ်။ ၁ထူပါရုံ မိသားစုတွေ မိမိလမ်း မိမိပတ်ဝန်ကျင်မှာ ဝမ်းပျက်ဝမ်းလျော လူနာတွေ တွေ့လာရင် မိသားစုဝင်တွေနဲ့ သိတဲ့သူတွေက  အကြောင်းကြားပေးကြပါ အချိန်မှီ ဆေးကုသခံယူ နိုင်ဖို့ပါ” ဟု သင်္ခါရဝိမုတ္တိ လူမူရေးကူညီရေးအသင်းက နှိုးဆော်ထားသည်။

 

ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဇူလိုင် ၅ ရက်နေ့က ကျန်းမာရေးဌာန၊ မြို့နယ်တာဝန်ရှိသူ များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ  သာကေတမြို့နယ် ထူပါရုံရပ်ကွက်အတွင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

သာကေတမြို့နယ် ဝမ်းပျက်ဝမ်းလျော လူနာ တွေ့ရှိမှု များလာသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားရပ်ကွက်များတွင် သောက်ရေ သုံးရေထဲမှာ ကလိုရင်းဆေး ခတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post