သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်အနီးတွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦး သေဆုံး

PUBLISHED - June 19, 2024
နေပြည်တော်၊ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီးတွင် ယနေ့ နံနက် ၁၀ နာရီ ၃၅ အချိန်က ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သာကေတမြို့ နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီးတွင် Light Truck ယာဉ်နှင့် အုတ်သဲကျောက် တင်လာသည့် ယာဉ်တို့ အရှိန်ဖြင့် မောင်းလာရာမှ မတော်တဆဖြစ်ပြီး လမ်းဘေးရပ်ထား သည့် Light Truck ယာဉ်နှင့် အမျိုးသမီး ၁ ဦးကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ရှိ အသက်(၃၀)ဝန်းကျင်ခန့် အမျိုးသား ၁ ဦး၊ အသက် (၂၅) နှစ်ခန့် အမျိုးသမီး ၁ဦးနှင့် အသက်(၂၀)ဝန်းကျင်ခန့် အမျိုးသမီး ၁ဦးတို့အား မြေပြင်ကုသမှုပေးပြီး အောင်မဂ်လာလူမှုကူညီရေးအသင်း၊ ၃/ရန်ပြေလူမှုကူညီရေးအသင်း၊ မနောဖြူလူမှုကူညီရေးအသင်း လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အသက်ဆုံးရှုံးသွားသော လမ်းဘေးတွင်ရပ်နေသည့် အသက်(၃၀)ဝန်းကျင် အမျိုးသမီး ရုပ်အလောင်းအား သာကေတမြို့နယ်နာရေးကူညီမှုယာဉ်(001)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#PeopleMedia