သာကေတမြို့နယ် ၁/အနော်မာရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာမှ အသက် (၈)နှစ်ကလေး ၁ ဦး သေဆုံး

PUBLISHED - July 10, 2024
နေပြည်တော်၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် တပ်ဖွဲ့လမ်းတွင် ယနေ့ နံနက် ၇ နာရီ ၂၁ အချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အသက် (၈)နှစ် ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် တပ်ဖွဲ့လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သာကေတမြို့နယ်မီးသတ်ဦးစီးဌာန၊အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးဌာန တို့နှင့် ပူးပေါင်းထွက်ခွါပြီး ရေဘောက်ဆာအကူအညီပေးခြင်း၊ Medical Cover ပေးခြင်း၊မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီပေးခြင်း စသည်တို့အား ကူညီဆောင်ရွက်ပေးခဲ့သဖြင့် နံနက် ၇နာရီ ၂၅ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင် အသက်(၈)နှစ် ဝန်းကျင်ခန့် မိန်းကလေး ၁ဦး အသက်ဆုံးရှုံးခဲ့သည့်အတွက် အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
#PeopleMedia