• Follow Us on

Home သာကေတမြို့နယ် Wifi ကြိုးတက်ရောက်ပြုပြင်ရင်း အမျိုးသား (၃) ဦး ဓာတ်လိုက်မှုဖြစ်ပွား

သာကေတမြို့နယ် Wifi ကြိုးတက်ရောက်ပြုပြင်ရင်း အမျိုးသား (၃) ဦး ဓာတ်လိုက်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီး ဘုရားလမ်းထိပ်ရှိ ဓာတ်တိုင်တွင် သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က Wifi ကြိုးတက်ရောက်ပြုပြင်ရင်း အမျိုးသား (၃) ဦး ဓာတ် လိုက်မှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

Wifi ကြိုးတက်ရောက်ပြုပြင်ရင်း အမျိုးသား (၃) ဦး ဓာတ်လိုက်ခံရကြောင်း ပြည်သူများမှ အကြောင်းကြားလာ သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့် တပြေးညီ ထွက်ခွါပြီး ဖြစ်စဉ်မှ ထွက်ရှိလာသော အသက် (၂၀) ဝန်းကျင်ခန့် လူနာအမျိုးသား (၂) ဦးမှာ လက်ကျိုးဒဏ်ရာ၊ အရေပြားလောင်ကျွမ်းမှုဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာနှင့် အသက် (၄၀) ဝန်းကျင်ခန့် အမျိုးသားလူနာ (၁) ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြသဖြင့် မြေပြင်ကုသမှုပေးပြီး ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း၊ အောင်သပြေလူမှုကူညီရေး အသင်း လူနာတင်ယာဉ်တို့ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post