သာစည်နှင့် မြစ်ကြီးနားတို့တွင် အမျိုးသမီး ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ
PUBLISHED - October 5, 2023
နေပြည်တော်၊ အောက်တိုဘာ ၅
သာစည်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် အမျိုးသမီး ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၃ ရက်နေ့ ည ၉နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်ခင်ချိုဝင်း သယ်ဆောင်လာသည့် ဆောင်းဘောက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၆.၂၅ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်ခင်ချိုဝင်း(၅၄)နှစ်အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅နာရီ ၁၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မဒေါင်ယန်(ခ)မာထု မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက်များ ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၉၆ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၈.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မဒေါင်ယန်(ခ)မာထု(၄၇)နှစ်အား မြစ်ကြီးနားနယ် မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia