• Follow Us on

Home သာစည်မြို့နယ်တွင် ကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီး ရမိ

သာစည်မြို့နယ်တွင် ကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် သာစည်မြို့ နယ်၊ ဘုရားငါးဆူကျေးရွာအနီးတွင် ရဲဇော်ဦး(ခ)ကုလား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်း အရရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဆာလာအိတ် ၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန် ကျွဲတပ်ဆုံ ကျေးရွာအုပ်စု၊ ဆူးပုတ်ကန်ကျေးရွာအနီးရှိ ပြောင်းခင်းအတွင်း သိုဝှက်ထားသည့် ဆာလာအိတ် ၃ အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၈၅ သိန်းအား လည်းကောင်း၊ ယင်းမာပင်ကျေးရွာ၏ အနောက် မြောက်ဘက် ၄ မိုင်ခန့်အကွာ တောအတွင်းရှိ မီးသွေးဖိုအဟောင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန် သာစည်မြို့နယ်၊ ရှမ်းရွာကျေးရွာတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုးနိုင်အား မော်တော်ဆိုင် ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post