သာစည်မြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်မှ ကျပ် ၁၄၆၂.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - October 6, 2023
နေပြည်တော်၊ အောက်တိုဘာ ၆
သာစည်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ် ၁၄၆၂.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင် ကြီးမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေ ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ရဲထက်နှင့် မသွန်းသံသာမောင်တို့၏ ခရီးဆောင်အိတ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၆၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲထက် (၃၁) နှစ်နှင့် မသွန်းသံသာမောင်(၂၆) နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia