သာစည်မြို့နယ်တွင် ၂၂ ဘီးတွဲယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

PUBLISHED - September 20, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၂ ဘီး တွဲယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရား မဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၊ သာစည်-တောင်ကြီးသွား ကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော် လိုက်ပါလာသည့် DONGFENG ၂၂ ဘီး တွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ် ပေါ်တွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS ၂၁ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတု ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia