• Follow Us on
Latest News

Home သာစည်မြို့နယ်တွင် Express ပေါ်တွင်လိုက်လာသည့် ခရီးသည် ၂ ဦးထံမှ ကျပ် ၁ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

သာစည်မြို့နယ်တွင် Express ပေါ်တွင်လိုက်လာသည့် ခရီးသည် ၂ ဦးထံမှ ကျပ် ၁ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ခရီးသည်တင် Express ယာဉ်ပေါ်တွင် လိုက်ပါသည့် ခရီးသည် ၂ ဦးထံမှ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် Express မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မထူးမြတ်နေ့သွယ်နှင့် နှင်းဝေဖြိုးတို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသ ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post