• Follow Us on
Latest News

Home သာစည်မြို့နယ်တွင် WAGON အမျိုးအစားယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲများ ဖမ်းဆီး ရမိ

သာစည်မြို့နယ်တွင် WAGON အမျိုးအစားယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲများ ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

သာစည်မြို့နယ်တွင် WAGON အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်း ဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့ ၁၂ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့မှ သာစည်မြို့ဘက်သို့ အောင်ဇော်မိုး မောင်းနှင်ပြီး ဖိုးချင်း လိုက်ပါလာသည့် WAGON အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲအလေးချိန် ၃၆.၁ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၆၄၉.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင် ဇော်မိုး (၅၃)နှစ်နှင့် ဖိုးချင်း (၃၅)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိ ရသည်။

 

#PeopleMedia


Share this post