• Follow Us on

Home သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် ခဲယမ်းများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် သာစည် မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ကျော်ဇင်ထွန်း မောင်းနှင်ပြီး ထွန်းဝေ(ခ)ဖိုးဇကာ လိုက်ပါလာသည့် NISSAN ၁၈ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ကျောက်မီးသွေး မှုန့်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ သန်းနှင့် 7.62 ကျည် ၂၀၀၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ အချိန် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်သည့် ကိုထွန်း(ခ) ထွန်းမင်းလတ် နှင့် ကျော်လှိုင်(ခ)ကိုကိုလှိုင်တို့အား ဒက္ခိဏသီရိမြို့နယ်၊ (၂၀၁) မိုင်စစ်ဆေးရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ အင်ကြင်းမြိုင် လမ်းရှိ နေအိမ်တွင် ဝင်းထွန်းဦး အား စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈၆ သန်း၊ အိုက်စ်(မက်သ်အဖက် တမင်း) ၄ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် 7.62 ကျည် ၂၀၀၀၀ တောင့်တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post